Professional Authors

အဆိုအမိန့်များ

လူမှာအရေးကြီးဆုံးက ကိုယ့်ကျင့်တရားနဲ့ မှန်တာကိုမြတ်နိုးမှုပဲဖြစ်တယ်။ အခြေအနေနဲ့ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုလုပ်ဝံ့တဲ့ သတ္တိရှိရမယ်။ ( ဗိုလ်ချုပ်အောင်ဆန်း )

အမျိုးသားညီညွတ်ရေးဆိုသည့်မှာ ခေါင်းဆောင်များသာညီညွတ်ခြင်းကို မဆိုလို။ လူမျိုး၊ ဘာသာ၊ ယောင်္ကျား၊ မိန်းမ၊ ဂိုဏ်းဏ္ဍမရွေး၊ တစ်နိုင်ငံလုံး၊ ပြည်သြူပည်သား၊ လူထုတစ်ရပ်လုံး အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏ လိုအင်ဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်။ ( ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီ ၂၀၊ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းမှ )

အောင်မြင်မှုကိုတိုင်းတာရာတွင် လူတစ်ဦးတစ်ယောက်၏ ပြီးမြှောက်အောင် ဆောင်ရွက်ချက်များဖြင့် တိုင်းတာခြင်းမဟုတ်။ ကြုံတွေ့ ခဲ့ရသော ဆန့်ကျင်ဘက်အခြေအနေများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ဖို့ မွေးခဲ့သောသတ္တိနှင့် စိတ်ဓါတ်တို့ဖြင့်သာ တိုင်းတာ ခြင်းမည်၏။ (…. ?….)

အတော်ဆုံးလူဆိုသည်မှာ အခွင့်အလမ်းကို စောင့်နေသူများမဟုတ်။ အခွင့်အရေးကို ဖန်တီးအသုံးချသူများသာဖြစ်သည်။ (……)

လောကမှာ လူ(၄)မျိုး ရှိသည်။
(၁) မသိသူ။ မိမိ မသိကြောင်းလည်း မသိသူ။ ထိုသူသည်အရူးဖြစ်သည်။ ရှောင်ကျဉ်ပါ။
(၂) မသိသူ။ မိမိ မသိကြောင်း သိသူ။ ထိုသူသည် လူရိုး။ သူ့အားသင်ကြားပေးလိုက်ပါ။ 
(၃) သိသူ။ သို့သော် မိမိသိကြောင်း မသိသူ။ ထိုသူသည် အိပ်ပျော်နေသောသူ။ သူ့အားနိုးလိုက်ပါ။
(၄) သိသူ။ သို့သော် မိမိ သိကြောင်းလည်း သိနေသူ၊ ထိုသူသည် ပညာရှိ။ သူ့အား စည်းကပ်ပါ။  (……)

ဖိုးလမင်းက ပေးသောသင်ခန်းစာ
ထိန်ထိန်အသာဆုံး အချိန်သည် ဆုတ်စချိန်ဖြစ်ရ်ျ အမှောင်ဆုံးအချိန်ကား ဆန်းစအချိန်တည်း။ ( တရုတ်စကားပုံ )

ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်တွင် ကူးခတ်နေသူသည် ရူးသွပ်သူမဟုတ်။ ဆင်ခြင်ဥာဏ်နည်းသူ၊ ခေါင်းမာသူ မဟုတ်။ လုပ်စရာရှိသည့် တစ်ခုတည်းသောအလုပ်ကို အစွမ်းကုန်အားထုပ်လုပ်ကိုင် နေသူသာဖြစ်သည်။ ( ဆရာဖေမြင့်)

စွန်ဆိုသည်မှာ စုန်လေတွင်မတက်။ လေကိုဆန့်ကျင်ရင်းသာ အမြင့်သို့တက်စမြဲဖြစ်သည်။ ( …….. )

သင်မလေ့ကျင့်သည့်အခါတိုင်း တစ်နေရာရာတွင် တစ်စုံတစ်ယောက်ကတော့ လေ့ကျင့်နေလိမ့်မည်ဆိုတာကို သတိရပါ။ ထိုသူနှင့် သင်ယှဉ်ရသည့်အခါ သူအနိုင်ရလိမ့်မည်။ ( အက်ဒ်မကောဇေး )

သူငယ်ချင်းကောင်း အပေါင်းအသင်းဟူသည် သူကကိုယ့်ကိုနစ်၊ ကိုယ်ကသူ့ကိုနစ်ပြီး ချစ်ခင်ပေါင်းသင်းနေကြသူများကို မဆိုလို။ ကိုယ်ကသူ့ကို ပဲ့ပြင်၊ သူကကိုယ့်ကို ပဲ့ပြင်ပြီး ချစ်ခင်ပေါင်းသင်းကြသူများကိုသာ ဆိုလိုရာ၏။ ( ခွန်ယြယ်ဖြူ / ဆီဆိုင် )

သင်သာလျှင် သင့်ဘ၀၏ ပန်းပုဆရာဖြစ်ခြင်းကြောင့် ဆောက်ချက်များ မှားမထွင်းမိစေဖို့ သင်၏ဘ၀ရုပ်လုံးကို အစဉ်မြင်အောင် ကြည့်နေပါ။ ( ခွန်ကြယ်ဖြူ / ဆီဆိုင် ) 

အလယ်အလတ် လမ်းစဉ်ဆိုတာ အမှားနဲ့အမှန်တွေကို မမျှတစွာဖော်စပ်ထားတဲ့ ပုထုဇဉ်လူသားတွေအတွက် အသင့်တော်ဆုံး သဘာဝ ဥပဒေဆေးတစ်ခွက်သာဖြစ်တယ်။ ( ခွန်ကြယ်ဖြူ / ဆီဆိုင် )

In: Others Posted By: Date: Jun 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment