ကျွန်တော် မုန်းတယ်……
ကြယ်တွေ ကြွေတဲ့အခါ
ဆုတောင်းရင် ပြည့်တယ်လို့ 
ပြောတဲ့ သူတွေကို ကျွန်နော်မုန်းတယ်….
အပြင်ထွက်တဲ့အခါ
နေတွေပူတယ် လို့ 
ပြောတဲ့သူတွေကို ကျွန်တော်မုန်းတယ်……..
တစ်ယောက်တည်းနေရတာ
အထီးကျန်ဆန်တယ်လို့ 
ပြောတဲ့ လူတွေကိုကျွန်တော်မုန်းတယ်……..
ကန္တာရ သစ်ပင်မှာ
အသည်းနှလုံး မရှိဘူး လို့ 
ပြောတဲ့သူကို လည်း
ကျွန်တော် မုန်းတယ်……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service