Professional Authors

Valentine’s Day မှာ ချစ်သူကို ဘယ်လိုလက်ဆောင်မျိုးပေးမလဲ….?

မင်္ဂလာပါ

မကြာမီကျရောက်တော့မှာ ဖြစ်တဲ့ Valentine မှာ ကိုယ့်ချစ်သူကို ထူးလည်းထူးခြားမယ့်….ပြီးတော့ ဈေးလည်း သိပ်မကြီးဘဲ
ကိုယ့်ကြိုးစားထားမှုကို အသိအမှတ်ပြုခံရလောက်ပြီး … သူ့ရဲ့ စိတ်ကို ကြည်ကြည်နူးနူးနဲ့ surprise ဖြစ်စေမယ့် လက်ဆောင်ပေးနည်းလေးတွေအကြောင်း တင်ပြလိုက်ပါတယ်….။

(၁) မနက်ခင်းကို ကုသိုလ်ကောင်းမှုလေးနဲ့ အစပြုမယ့် ချစ်သူတွေအတွက်
ဘုရားမှာ အချစ်ရဲ့ သင်္ကေတ ၁၅၀၀ ကျပ်တိတိကို တစ်ယောက်တ၀က်
ကိုယ်တတ်နိုင်သလောက် လှူပြီး အလှူခံဖြတ်ပိုင်းလေးတွေကို
သိမ်းထားမယ်ဆိုရင် နောင်နှစ်တွေတိုင်း ပြန်လည်ကြည်နူးလို့ရတာပေါ့….။
ခိုစာကျွေးရင် အချစ်ရေးကံကောင်းတယ် လို့လည်းကြားဖူးထားတော့
ကြုံကြိုက်မယ်ဆိုရင် ခိုစာလေးပါ အတူတူ ကျွေးမယ်ဆိုရင်တော့ ပိုပြီး
ပြည့်စုံသွားမယ် လို့ ပြောလို့ရပါတယ်….။

(၂) ရောင်စုံစာရွက်သေးသေးလေးတွေပေါ်မှာ သူ့အတွက် ရည်စူးထားတဲ့
ကဗျာတိုလေးတွေရေးပြီး ဖန်ဘူးခပ်ကြီးကြီး (ဒါမှမဟုတ်) စက္ကူဘူး
လှလှလေးတစ်ခုထဲမှာထည့်ပြီး သူ့ကို လက်ဆောင်အဖြစ်ပေးနိုင်ပါတယ်….။

(၃) သင်တို့ အတူတူ တွဲရိုက်ထားတဲ့ဓါတ်ပုံတွေ(ဒါမှမဟုတ်)သင်တို့နှစ်ယောက်
သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို Photo Collage
လေးဖန်တီးပြီး ဓါတ်ပုံတစ်ခုခြင်းစီရဲ့  နေရာလွတ်လေးတွေမှာ
ထိုဓါတ်ပုံရိုက်ဖြစ်သွားတဲ့ အကြောင်းအရာလေးတွေရေးပါ….။ Valentine Day
နေ့မှာ သူ့ကို ထို Photo Collage လေးပေးပြီး သင်တိုရဲ့အမှတ်တရတွေကို
ပြန်လည်ခံစားမယ်ဆိုရင်လည်း ကြည်ကြည်နူးနူး feeling လေးတွေ
ပြန်ရနိုင်မှာပါပဲ…။

(၄) သင်သူ့ကို နားထောင်စေချင်တဲ့ သီချင်းလေးတွေ စုစည်း ထားတဲ့ CD
ခွေလေးကို သူ့အတွက် ပေးမယ်ဆိုရင်လည်း  အဲ့ဒီ့နေ့လေးမှာ
ချစ်သူရဲ့ခံစားချက်တွေကို ကိုယ်စားပြုထားတဲ့ သီချင်းလေးတွေ နားဆင် ရင်း
တစ်နေ့တာ ဖြတ်သန်းမှုဟာ အဓိပ္ပါယ်ရှိရှိလေးဖြစ်သွားမှာပါ..….။

(၅) Valentine Day ဆိုတာ အပျို လူပျိုတွေအတွက်ပဲ သီးသန့်မဟုတ်ဘူးနော်
အိမ်ထောင်ရှင်တွေ အနေနဲ့လည်း Valentine Day မှာ ကိုယ်ချစ်တဲ့ မိသားစုနဲ့
အတူတူ ကိုယ့်အိမ်မှာ ပျော်စရာကောင်းတဲ့ Dinner ပွဲလေးကျင်းပနိုင်ပါတယ်……။
ပြီးတော့ ကလေးတွေကို  မိမိတို့ နှစ်ဦးရဲ့ စတင် ဆုံစည်းပုံ၊
ချစ်သူစဖြစ်ပုံတွေကို ပုံပြင်လေးတစ်ခုသဖွယ်ပြောပြပြီး ကလေးတွေရဲ့
ဝေဖန်မှုတွေ၊ပျော်ရွှင်မှုတွေကို ပီတိအဖြစ်ရယူပြီး Valentine Day ကို
သာယာဖွယ်အတိနဲ့ ဖြတ်သန်းနိုင်ပါတယ်…။

(၆) Valentine Day မနက်စောစောမှာ သင်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ Delivery
ကတစ်ဆင့်ပဲဖြစ်ဖြစ်         သူ Home-mate Spa လုပ်နိုင်အောင်
ပစ္စည်းလေးတွေ ပို့ပေးလိုက်ပါ…..။ ဘယ်လိုပစ္စည်းတွေလည်းဆိုတော့…….
ခြင်းတောင်း လှလှလေးထဲမှာ…… အသည်းပုံဖယောင်းတိုင်လေးတွေရယ်
၊ရေချိုးဆပ်ပြာဗူးသေးလေးရယ်၊နှင်းဆီပွင့်ဖက်လေးတွေရယ် ပြီးတော့ Facial
mask နဲ့ Body Scrub လုပ်ဖို့ သူ့အသားအရေနဲ့ သင့်တော်မယ့်
ပစ္စည်းအမျိုးအစားလေးတွေထည့်ပြီး လက်ဆောင်ပေးလိုက်ပါ….။ သူ Spa
လုပ်ပြီးတဲ့အခါ  နွေးနွေးထွေးထွေးလေးဖြစ်စေဖို့ ချစ်ဖို့ကောင်းတဲ့
သန်ဘက်လေးတစ်ကို ထည့်ပေးဖို့မမေ့နဲ့ဦးနော်….။

(၇) မိန်းကလေးတွေအနေနဲ့ Valentine day တစ်နေ့လုံးကို ကိုယ့်ချစ်သူရဲ့
favourite တွေနဲ့ပြည့်နှပ်နေအောင် ဆောင်ကျဉ်းပေးနိုင်ပါတယ်….ဥပမာ သူ
အကြိုက်ဆုံး မနက်စာ ကောင်းကောင်းလေးရနိုင်မယ့် ဆိုင်မျိုးကို
ခေါ်သွားတာမျိုး….၊ နေ့လည်စာကိုလည်း သူ ခုံခုံမင်မင်စားလေ့ရှိတဲ့
ဟင်းတွေမှာပေးတာမျိုး…၊ သူကြိုက်တဲ့ ရှပ်ရှင်ကို အတူတူ
ပြန်ကြည့်ရှုတာမျိုး…၊ သူ နှစ်နှစ်ခြိုက်ခြိုက်နားထောင်လေ့ရှိတဲ့
သီူချင်းတွေကို တစ်နေ့လုံး ဖွင့်ပေးထားတာမျိုး… အစရှိတာတွေကို တစ်နေ့လုံး
စီမံပေးခြင်းဖြင့် သူ့ကို Surprise ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်…။

(၈) ကိုယ်ချစ်တဲ့သူနဲ့ သဘာဝအလှတရားကို အတူတူခံစားပါ….။ နေ၀င်ချိန်ကို
အတူတူစောင့်မျှော်ကြည့်ရှုခြင်းပဲဖြစ်ဖြစ်၊ ညနေခင်းလေညှင်းခံရင်း
လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ညဘက် လမင်းကြီးကို အတူတူ
ငေးကြည့်ရင်းပဲဖြစ်ဖြစ်ပေါ့…..။

(၉) သင် သူ့ကို ဘာ့ကြောင့်ချစ်တာလဲ ဆိုတဲ့ အချက်(၁၀)ချက်ကို
စာရွက်လေးပေါ်ချရေးပြီး သူ့ကို ပေးဖတ်လိုက်ပါ။

(၁၀) ယောက်ျားလေးတွေအနေနဲ့လည်း ကိုယ့်မိန်းကလေး နှစ်သက်တဲ့ နေ့လည်စာကို
ကိုယ်တိုင်ချက်ပြုတ်ပြီး ထမင်းဘူးလှလှလေးထဲထည့်ကာ ချစ်သူကို
သုံးဆောင်စေနိုင်ပါတယ်….။ ယောက်ျားလေးအများစုက ထမင်းဟင်း
မချက်တတ်ကြသူတွေမို့ အရသာ မကောင်းဘူးပဲဖြစ်နေပါစေ…..
မိန်းကလေးတစ်ယောက်အတွက်ကတော့ ကိုယ့်ချစ်သူက ကိုယ့်အတွက် ဖန်ဆင်းပေးထားတဲ့
နေ့လည်စာကို စားရတဲ့အချိန်ဟာ ဘာနဲ့မှ လဲလို့မရတဲ့ တဒင်္ဂလေးတစ်ခု
ဖြစ်နေမှာပါ…။

(၁၁)Valentine Day မနက်စောစော ချစ်ဖို့ကောင်းတဲ့ ရုပ်ပြောင်လေးတွေနဲ့အတူ
Romatics Message လေးတွေကို ချစ်သူဆီ SMS message လေးပို့ပေးဖို့
မမေ့ဘူးဆိုရင် ထို Valentine Day က ရသ မြောက်မှာပါ…။

(၁၂) ကိုယ့်ချစ်သူဟာ Chocolate Crazy ဖြစ်သူဆိုရင် ကိုယ်နဲ့
လက်လှမ်းမှီသလောက် စတိုးဆိုင်တွေ(ဒါမှမဟုတ်) Supermarket တွေကိုသွားပြီး
သူနဲ့အတူတူ ချောကလက် လှလှလေးတွေ စုဆောင်းရေးခရီးစဉ်လေးပြုလုပ်ပါ….။
နေ့လည်စာ စားပြီးချိန်မှာ သူ့အတွက် အချိုပွဲလေးအဖြစ် ထို ချောကလက်တွေကို
စားသုံးခွင့်ပြုလိုက်ပါ….ညနေ အိမ်ပြန်ချိန်မှာ သူ အိပ်ယာဝင်ခါနီး
သောက်ဖို့အတွက် Chocolate Milk Shake ဘူးလေးကို လက်ဆောင်အဖြစ်
ပေးလိုက်ဖို့ မမေ့နဲ့ဦးနော်….။

(၁၃) အိမ်ထောင်ရှင်တွေအနေနဲ့  ပူဖောင်းလေးတွေထဲမှာ သင်သူ့ကို
ဘာ့ကြောင့်ချစ်တာလဲ ဆိုတဲ့ စာရွက်လေးတွေကို ထည့်ပြီး
ထိုပူဖောင်းလေးတွေကို အိပ်ခန်းထဲမှာပဲဖြစ်ဖြစ် ဧည့်ခန်းထဲမှာဖြစ်ဖြစ်
ဖြန့်ကျဲထားလိုက်ပါ….။

(၁၄) အသဲပုံကိတ်သေးသေးလေးတွေကို Bakery ဆိုင်တစ်ဆိုင်က ၀ယ်ပြီး
ဘူးလေးတစ်ဘူးထဲထည့် ….ပြီး တော့ Parking paper လှလှလေးနဲ့ ပါဆယ်ထုပ်ပြီး
ချစ်သူအတွက် Valentine Day breakfast အဖြစ် ချစ်သက်လက်ဆောင်ပေးမယ်
ဆိုရင်လည်း ဆန်းပြားနေတဲ့ လက်ဆောင်ကောင်းလေးတစ်ခုဖြစ်လာမှာပါ…။

(၁၅) ချစ်သူကို hand mate လေးတွေ လက်ဆောင်ပေးချင်တဲ့ သူတွေအတွက်
arts-and-crafts ဆိုတဲ့ website လေးထဲမှာ လက်ဆောင်လေးတွေကို
ကိုယ်တိုင်လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ
များစွာဖော်ပြထားပါတယ်….။ အဲ့ဒီ့ website လေးကို လေ့လာပြီး
ကိုယ့်ကြိုးစား အားထုတ်မှုလေးနဲ့ လက်ဆောင်လေးတစ်ခု
ပုံဖော်ပေးနိုင်မယ်ဆိုရင်လည်း အရမ်းကို Surprise ဖြစ်စေနိုင်မှာပါ….။

(၁၆)သင်တို့ချစ်သူစဖြစ်တဲ့နေ့က အပြုအမူတွေကို Valentine Day နေ့မှာ
တဖန်ပြန်လည် အသက်သွင်းပေးလိုက်ပါ….။

(၁၇)သူ့အတွက် သီးသန့် စားပွဲတင် ပြက္ခဒိန်လေးတစ်ခု ပြုလုပ်ပေးပြီး
အဲ့ဒီ့ပြက္ခဒိန်လေးထဲမှာ သင်တို့နှစ်ဦးရဲ့
ဓါတ်ပုံတွေထည့်သွင်းထားဖို့ရော…. သင်တို့ရဲ့ အမှတ်တရနေ့လေးတွေကို High
Light လုပ်ပေးဖို့ကိုပါ မမေ့နဲ့ဦးနော် (အကယ် ၍
သင်တို့နှစ်ဦးရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေကို သင်တို့ တကယ်ရိုက်ခဲ့ဖူးတဲ့
လ လေးတွေမှာ Background ထားမယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့ရှင်)

(ချစ်သူရည်းစားမရှိတဲ့ သူတွေအတွက်ကတော့ Valentine Day မှာ
ကိုယ်ရဲ့ပတ်ဝန်းကျင်ကလူတွေကို အချိုမြိန်ဆုံးအပြုံးလေးတွေနဲ့ ဆက်ဆံရင်း
အချိန်ဖြုန်းခွင့်ရှိပါတယ်…။)

Poemscorner မှ သူငယ်ချင်းများအားလုံး…..Valentine Day မှာ ချစ်သူအတွက် ထူးခြားတဲ့လက်ဆောင်လေးတွေ ပေးကြရင်း
…..ချစ်သူနဲ့အတူတူ ဖြူဖြူစင်စင် ပျော်ရွှင်ကြည်နူးစရာ
ဖြည့်ဆည်းနိုင်ကြပါစေ။   ။

ကေသရီ(အလွမ်း)

In: Others Posted By: Date: Feb 12, 2013
Comment #1

ချစ်သူရည်းစားမရှိတဲ့ သူတွေအတွက်ကတော့ Valentine Day မှာ
ကိုယ်ရဲ့ပတ်ဝန်းကျင်ကလူတွေကို အချိုမြိန်ဆုံးအပြုံးလေးတွေနဲ့ ဆက်ဆံရင်း
အချိန်ဖြုန်းခွင့်ရှိပါတယ်…။

ဒါပဲကောင်းတယ် 😀

commentinfo By: loafer at Feb 13, 2013
Comment #2

i like all methods. i wish i could do all one day.
😛
at the present….i’ll do no. 1.3.11.17 (လုပ်ဖို့အစီအစဉ်ရှိပြီးသား)
i wish i could get no 2.4.9.11 if possible..(အရမ်းလိုချင်တယ်)

commentinfo By: ei lay at Feb 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment