Professional Authors

ရည်းစားစာ – ၁

နောက်ဆုံးတော့လည်း……နင့်ကိုငါအရမ်း….

 

ချစ်တယ်..

 

အစမရှိ အဆုံးမကြည့်နဲ့ ..ဒီလမ်းကိုငါ လျှောက်မိခဲ့.

.အဲဒါငါ မဆင်မခြင်လုပ်တာ

မဟုတ်ဘူးလို့ပြောရင် တခြားသူတွေယုံနိုင်ပါ့မလား???

သူတို့စကားတွေအားလုံးနင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်း

ငါသိပ်နားမလည်တော့ဘူး…..ဘာသာပြောင်းသွားတာလား…ငါ့နားစည်ပဲဟောင်းသွားတာလား..

မသိဘူး….

မသိချင်ဘူး…တကယ်တော့ လောကဆိုတာ…ရဲ့အဖြေက “နင် ” ပဲ

အရင်က ယောင်ချာချာအတွေးတွေနဲ့

အချိန်ကုန်ခဲ့မိတာ..တခါတလေ ၀မ်းနည်းလို့မဆုံးဘူး…

.နင်ရောင်းပစ်မယ့်အတိတ်တွေကို ငါကြိုက်ဈေးပေးပြီး

ဝယ်ချင်တယ်….

.နင့်အကြောင်းတွေအားလုံး ကို ငါမြတ်နိုးနေလို့ပါ….

ရူးနေတယ်ဆိုတာ….”နင်”ကိုယ်တိုင်မသတ်မှတ်

သ၍..ငါမှန်ကြည့်ဖြစ်ဦးမယ်မထင်ဘူး….

.မနေ့က ငါဘုရားရှိမခိုးဖြစ်ဘူး….နင့်ကိုပဲအတိုးချလွမ်းနေမိတယ်

လူမိုက်လို့ပြောပြော..ငါ့ဘ၀က..နင်ကယ်တင်ဖို့ပဲလိုတယ်…

တယူသန်လို့ပြောတဲ့သူတွေအားလုံး..သံသရာအဆက်ဆက်

ငါ့ရင်ဘတ်နေရာမှာ ဒဏ်ခတ်ခံစေ့မယ်…အလှည့်ကျ..လို့..တခါပြုံးရင်..ဆယ်သက် ဒူးထောက်ပြရဲတဲ့သတ္တိ

နင့်လက်ဖ၀ါးလေးတွေဆီက ငါသိမ်းထားတယ်….

.အခုဆို ငါသိပ်ကြိုက် ညချမ်းကိုတောင်..မုန်းနေမိသေး..

သူရောက်လာရင်….နင်ငါ့အနားက တပ်ခေါက်ပြီး ပြန်ရတော့တာပဲလေ…

.နင် သိပ်မသိလို့ပါ..ငါနင့်အနားပဲရှိချင်တာ….

ခုငါ့ကိုအဖေက

ခေါ်နေတယ်ဆူမလို့တဲ့……အဲဒီအချိန် ငါဝမ်းနည်းမိတာက ..နင်အွန်လိုင်းမှာတယောက်ထဲပျင်းနေမလားဆိုတာပဲ….

ငါပြန်-င်လာခဲ့မယ်နော်…နင်စောင့်ပေါ့..ငါ့ကိုပဲသတိရပါ

 

(ကျွန်တော် ဒီလိုပဲရေးမိထားတာလေးတွေပါ .. ကလေးတော့ဆန်နေမလားပဲ)

In: Others Posted By: Date: Jun 29, 2012
Comment #1

ရည်းစားစာ 🙂

commentinfo By: နတ်သမီး at Jun 29, 2012
Comment #2

wow,,
ma moe yae,,ei a yan kyike de,
mike de,,
nice,,
😛
😛
😛
😛

commentinfo By: ei lay at Jun 29, 2012
Comment #3

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Jul 12, 2012
Comment #4

nout 1 khout par,

commentinfo By: ei lay at Jul 12, 2012
Comment #5

အားပေးလျက်

commentinfo By: zawthetoo at Jul 14, 2012
Comment #6

so cute.
so lovely.
so sweet.
so nice.

commentinfo By: ei lay at Dec 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment