Professional Authors

ကျမကို ရေးတဲ့ဆောင်းပါး

ခုတစ်လောတော့ စာတွေပဲရေးချင်နေတယ်………
ကျမလေခုတော့ စိတ်ဓါတ်ဖေါင်ဒေး၇ှင်းမှာ ကျမ၇ဲ့ စိတ်ကို (မ)တည်ပြီး ကျမနဲ့အတူစိတ်အားနည်းသူ တွေကို ကျမ အတူတူလက်တွဲ နေမိတယ်…….ဘာလို့လည်းဆိုတော့ ကျမလေ ကိုယ်ချင်းစာလို့ပါ….သူတို့လည်းကျမလို စိတ်ဓါတ်အားပြည့်လာအောင်အားမွေးကြမယ်လို့ကျမမျှော်လင့်မိတယ်….ကျမမှာ ခုဆို၇င် စိတ်ဓါတ်ကြံခိုင်ဘို့ စတင်လေ့ကျင့်နေတယ်..ကျမမှာ အဖေါ်၃=သုံးဦး၇ှိတယ်…
(၁) ကြံ့ခိုင်တဲ့ဦးနှောက်(၂)၇ိုးသားဖြူစင်တဲ့အသည်းနှလုံး(၃)နှိမ့်ချတတ်သော စိတ်…တို့ကိုကျမဘ၀တွက် နောက်ဆုံးချိန်ထိတူတူလက်တွဲသွားဘို့ပြင်ဆင်နေပါတယ်….ကျမစဉ်းစားမိတယ်လေ ကျမဟာ တခါတ၇ံ အော်ကြီးဟစ်ကျယ်လည်း ငိုနေတယ် တစ်ခါတစ်၇ံ တိတ်တိတ်လေးလည်းမျက်၇ည်ကျတတ်တယ်…တခါတ၇ံ ချစ်သူကို ပြောပြီးလည်းငိုတတ်ပါတယ်…ဒါဟာဘာလို့လည်းလို့ ကျမတွေးလာတယ် တစ်ဖြည်းဖြည်း ကျမနားမှာ ဘယ်သူမှမနေချင်ကြတော့ဘူးဆိုတာ ကျသိလာတယ်..ကြာတော့ နဂိုထဲက အထီးကျန်တဲ့ကျမဟာ ပိုကျန်လာ၇တယ်လေ….ကျမဟာ တခါတခါ ပြောချင်တဲ့စကားတွေ ဖွင့်ပြော ချင်တာတွေကို နားထောင်ပေးသူ လိုက်၇ှာနေမိတယ်…အော် တခါတခါမှ မဟုတ်တော့လည်းဘယ်သူကနားထောင်ပေးနိုင်မလဲနော်   ဒါကိုကျမသတိထားမိတယ်….ဒါနဲ့ကျမတစ်ခုစဉ်းစားပါတယ် ကျမ၇ဲ့စိတ်ကို ပြုပြင်ဖို့ စိတ်အင်အားဖြည့်ဘို့ကြိုးစားဖို့ပါပဲ
                ငယ်ငယ်က ကျမကြားဖူးတဲ့ ကျမ အမေပြောတဲ့စကားတစ်ခုကိုသွားသတိ၇မိတယ် ဘာလည်းဆိုတော့ ကျမငယ်ငယ်ကငိုတာများတော့ ကျမကို အမေကပြောတယ်လေ ငိုတဲ့ကလေးဆို ဘယ်သူ မချစ်တော့ဘူးတဲ့ အဲ့လိုပြောတော့ ကျမတကယ့်ကိုဘဲ ကျမကို ဘယ်သူမှ မချစ်တော့မှာကြောက်ပြီး ကျမနောက်ဆို မငိုတော့ဘဲ သူများတွေနဲ့ဝေးတဲ့နေ၇ာမှာဘဲကျမတယောက်ထဲ တိတ်တိတ်လေးသွားပြီးငြိမ်နေခဲ့တယ်….အဲ့ဒါဟာ ကျမကို ကျမအမေနဲ့ကျမအိမ်သားတွေ မချစ်တော့မှာဆိုးလို့လေ…ကျမဘယ်သူနဲ့မှ စကားမပြောမိအောင်လည်းကျမနေခဲ့တယ်…အဲ့ဒီအချိန်တုန်းကလည်းကျမလေ ကျမကိုကျမမုန်းတယ်….
              ခုလည်းကျမစဉ်းစားမိလာတယ် ငိုတတ်တဲ့ကျမကို လူတွေထားသွားကြတာလားလို့ ဒါကြောင့်ကျမလေ မငိုမိအောင်နေဖို့ ပြင်ဆင်နေတယ်…ခုထိတော့ လုံးဝဖျောက်လို့ မ၇သေးပေမဲ့ ကျမထိန်းပြီးနေပါတယ်..ကျမလေ ဘယ်သူကိုမှ ငိုမပြောမိဖို့ ကျမငိုတာ သူများမသိဖို့အတွက်ကျမကျင့်ယူနေပါတယ်…တခါတ၇ံတော့ မ၇ပါ….ကျမလေ မငိုပါဘူးမျက်၇ည်က အလိုလိုကျတပ်တာလေ ဒါကိုလည်း စာနဲ့တမျိုး သီချင်းနဲ့တဖုံ အပြင်ထွက်လို့ တခါ ဖြေပျောက်အောင် ဖြောက်ယူနေပါတယ် ကျမ အ၇က်နဲ့ဖြေဖျောက်တယ်..ဒါပေမဲ့ ကျမအ၇က်သောက်တာကို သူများအထင်သေးမှာကြောက်လို့ ကျမအ၇က်ပါဖြတ်လိုက်ပါတယ်…..
တကယ်တော့ ကျမစိတ်တွေအားနည်းနေတာဖြစ်မယ်နော် အား၇ှိဘို့ အင်အားမွေး၇ဦးမယ်လေ…နှလုံးအားနည်းတပ်တာလည်း၇ှိတော့ ဘယ်လိုသေးသေးအ၇ာကိုမှ ကျမမခံစားနှိုင်တာကိုက ကျမ၇ဲ့ အားနည်းချက်ပါ ဘယ်သူကြောင့်မှ မဟုပ်ဘဲ ကျမကြောင့်သာ ဖြစ်နေတဲ့ အဖြစ်ဖျက်တွေပါ…တခါတခါကျမလေ ချစသူ၇ဲ့ခါးကိုမှီဖက်ပြီးသူ၇ဲ့ နှလုံးသားက ကျမ၇ဲ့ အားနည်းချက်တွေနားလည်ပေးဘို့ ကျမအခွင့်ေ၇းတောင်ချင်မိတယ်……အဲ့လိုဆို၇င်ေ၇ာ ကျမချစ်သူက ကျမကို ပါ၇မီဖြည့်နိုင်မတဲ့လား နေပါစေတော့လေ ကျမတယောက်ထဲဘဲ နေပြီးဖြေဖျောက်နှိုင်ဘို့ ငယ်ငယ်ကလိုပဲ တစ်န၇ာမှာ တယောက်ထဲဘယ်သူမှ မတွေအောင်မသိအောင်တိတ်တိတ်လေးနေပြီးမျက်၇ည်ခိုးကျနေမိပါတယ် အော်မျက်၇ည်ကတော့ မကျလို့မှ မနေနှိုင်တာလေ နဂိုထဲက ကျမက၀မ်းနည်းလွယ်သူမို့လေ…
               ခုတော့ကျမ ကျမကွန်ပျူတာနဲ့ ကျမလက် ကျမစိတ်အားလုံးပေါင်းတဲ့ ကျမချစ်ခင်တဲ့စာတွေက ကျမ၇ဲ့ စိတ်တွေကို ကာကွယ်စောင့်ေ၇ှာက်ပေးနေကြပါတယ်…ကျမလေ အားလုံးသောအ၇ာနဲ့ ကျမနဘေးနားနေပေးတဲ့ ချစ်သူ ကျမကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကျမကျေနပ်စွာ တိတ်တိတ်လေး သူနားမှာ နေဖို့ ကျမကြိုးစားနေပါတယ် ……… ချစ်သူေ၇ ..ဒီနေ့လည်း ငါ..နင်..နားမှာပါ……..

In: Others Posted By: Date: Nov 2, 2011
Comment #1

ရှင်မ……
မိန်းမသားတယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်ပါလေ…….
လူဆိုတာ မွေးလာထဲက တယောက်ထဲဘဲလေ……….
..နောက်ဆုံးတနေ့မှာလည်း….တယောက်ထဲဘဲ…ထွက်သွားကြစမြဲမို့….
ရှင်မရယ်..သဘာဝတ၇ားရှိနေသရွေ့ ..အထီးကျန်မဆံ နိုင်ပါဘူး….
…နားလည်တတ်သော လူ့ အသိုင်းဝိုင်း တွေ ရှိနေသရွေ…အားငယ်စရာ..မရှိနိုင်လေ…
.ရှင်မမှာ နူးညံ့ သောနှလုံးသား..ရှိနေလို့….ရှင်မအနားမှာ အားပေးဖေါ်တွေ..ရှိနေပါလိမ့်မယ်….
..ရှင်မ ခန္ဓာ ကိုယ်ထဲက အဖေါ် (၃)ဦး ကိုတော့……ယိုင်နဲ့မသွားပါစေနဲ့နော်……….(နှစ်သက်သဘောကျမိသော
စာနုယဉ်တပုဒ်ပါ…..)
ကန္တာရနှင်းဆီ…..
(ps..ဆက်ရေးပါနော်…ကလောင်ဆိုတာဓားတလက်လိုပါဘဲ…သွေးနေမှထက်သလို….
.ရေးနေမှတက်ပါလိမ့်မယ်..)

commentinfo By: desertfox60 at Nov 3, 2011
Comment #2

oh,,,,,,,,
so much good.
really perfect.

don’t cry anymore.
don’t feel depress.
look beside u,there r lots of people who love n need u so much.

commentinfo By: ei lay at Nov 3, 2011
Comment #3

ကောင်းပါတယ်အားပေးနေပါတယ်ဗျာ

Comment #4

ကျမလေ အားလုံးသောအ၇ာနဲ့ ကျမနဘေးနားနေပေးတဲ့ ချစ်သူ ကျမကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကျမကျေနပ်စွာ တိတ်တိတ်လေး သူနားမှာ နေဖို့ ကျမကြိုးစားနေပါတယ် ……… ချစ်သူေ၇ ..ဒီနေ့လည်း ငါ..နင်..နားမှာပါ……..

commentinfo By: May Kha at Nov 3, 2011
Comment #5

ကျွန်တော်..ကတော့..စာပဲဖြစ်ဖြစ်၊ကဗျာပဲဖြစ်ဖြစ်
ဆက်ရေးပါလို့..အားပေးချင်ပါတယ်။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 4, 2011
Comment #6

အမ ၇ဲ့ စာပေ ဟာ နှလုံးသား၇ဲ့ ကိုယ်စားလှယ်ပေါ့ နော်။ ဘာပဲဖြစ်၂ ပေါ့ ၇ိုးသားတဲ့ အမ ၇ဲ့ စိတ်ကို ကျွန်တော် လေးစားမိပါတယ်။ ဆက်ေ၇းနော်…..

commentinfo By: kyawkyaw at Dec 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment