Professional Authors

“ကိုယ်တွေ့ပုံပြင်”

ထိုစဉ်အချိန်ကငွေ့ရည်ဖွဲ့ကာစတိမ်တိုက်ကလေးရဲ့ပြိုကျလာမယ့်အချိန်ကို
မျှော်လင့်မြင်ယောင်နေချိန်ဖြစ်ပါ၏။

တိတိကျကျဆိုရရင်
ခရစ်သက္ကရစ်(၁၀.၇.၂၀၀၆)
လောကကြီး၏လေးပုံတစ်ပုံကိုဖြက်သန်းပြီးချိန်တွင်ဖြစ်ပါ၏။
အပြာရောင်တလင်းလင်းလွင့်နေသောကောင်းကင်ကြီးတွင်
လူငယ်တစ်ယောက်၏တိမ်တစ်ပွင့်အတွက်
နေရာမရှိခဲ့

ထိုစဉ်အချိန်တွင်….
လူငယ်သည်အချစ်ဖြင့်ဘ၀တစ်ခုတည်ဆောက်ရန်
ကြိုးစားခဲ့ပါ၏။

ထိုသို့ဖြင့်…
လူငယ်သည်ဘ၀ကိုတည်ဆောက်ဖို့ကြိုးစားရင်း
သူကိုယ်တိုင်ပျောက်ဆုံးခဲ့သည်။

အချစ်ကိုတွေ့သည်။
ဘ၀ကိုသူမတွေ့…။
ရင်ဆိုင်ရန်ကြိုးစားသည်။
ပက်ဝန်းကျင်ကိုသူမတွေ့

မည်သို့ပင်ဖြစ်စေ….
လူငယ်၏ချစ်သူကောင်မလေးသည်…
သူ့အတွက်အကောင်းဆုံးခွန်အားဖြစ်ခဲ့ပါ၏။

ဘ၀ကိုတွေ့ရန်ကြိုးစားသည်။
သူ့ကိုယ်သူမတွေ့…။
ပက်ဝန်းကျင်ကိုတွေ့နိုင်ခဲ့ပါပြီ။(ထိုသို့သူထင်သည်)

သို့သော်….
သူ့ကိုယ်သူမတွေ့။

ထိုသို့ဖြင့်…

နှစ်ယောက်အတူတွဲလို့
ဘ၀ကိုရင်ဆိုင်ရန်ကြိုးစားခဲ့ကြပါသည်။
ပြီးဆုံးသွားပါပြီ။
အရာအားလုံးပြီးဆုံးသွားပါပြီ။(ထိုသို့သူထင်သည်။)

ပန်းစိုက်သမားကပန်းဥယျာဉ်ကို
ပိုင်ဆိုင်ခဲ့ပါပြီ။

လူငယ်၏စိက်ထဲတွင်လည်း
မစားရသောပန်းသီးကိုစားသုံးပြီးလျှင်
အားလုံးကိုရင်ဆိုင်ရန်အသင့်ဟု
ကြုံးဝါးခဲ့မိပါသည်။

သို့သော်…
ပြဇာတ်တစ်ပုဒ်သည်
ထိုနေရာတွင်မဆုံး….
ကံဇာတ်ဆရာအလိုကျ
ဆက်လက်ကပြခဲ့ရပါသည်။

ထိုသို့ဖြင့်
စက္ကငှက်လေးတစ်ကောင်ကို
လူငယ်ရရှိခဲ့ခြင်းဖြစ်ပါသည်။

လူငယ်သည်  ထိုငှက်ရုပ်လေးအား
ချစ်သူထံပေးအပ်ခဲ့ပါ၏။
သူတို့ပျော်ရွှင်ခဲ့ပါသည်။(သူတို့=ချစ်သူ+လူငယ်)
အမြဲတမ်းလည်းပျော်ရွှင်ခဲ့ချင်ပါသည်။

သို့သော်….
ပျော်ရွှင်ခြင်းများ(မှက်မှက်ရရတစ်နှစ်ခြောက်လဆယ့်နှစ်ရက်)
ကုန်ဆုံးပြီးချိန်
အသိုင်းအ၀ိုင်းများ၏မတူညီမှု(ထိုသို့သူထင်သည်)
ပက်ဝန်းကျင်၏ဘေးတီးမှု(ထိုသို့သူထင်သည်။)
အဓိကအားဖြင့်…
သူတို့၏  နားလည်စာနာနိုင်မှုတွေကို
မာနနဲ့အတ္တကအနိုင်ယူသွားချိန်တွင်တော့
လူငယ်နှင့်ချစ်သူတို့
အစွမ်းကုန်ဆွေးနွေးသည်။
အစွမ်းကုန်တင်းမာသည်။

ထို့နောက်….
ထို့နောက်….
ထို့နောက်….

လက်ဝါးတစ်ဖက်မြောက်တက်သွားပြီး
ပါးတစ်ဖက်လည်ထွက်သွားသည်။
လူငယ်၏နီရဲသောပါးပြင်တွင်တော့စိုစွတ်ခဲ့ပါပြီ။
ထို့အတူ….
ချစ်သူ၏ဖြူနုသောပါးပြင်တွင်လည်း
စိုစွတ်နေခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ…
သူတို့နှစ်ဦးလုံးဥယျာဉ်လေးကို
ဆက်လက်ပြုစုပျိုးထောင်ချင်နေပါသေးသည်။

သို့သော်…
နှင်းစက်ကလေးတွေ  ခိုတွယ်နေတဲ့မနက်ခင်းကို
ရွက်ကြွေကာစ  သစ်အိုပင်က 
ပြန်လည်လွမ်းစွက်နေတဲ့မနက်မှာ…
ချစ်သူသည်……
အသိုင်းအ၀ိုင်းရှိရာ  ပင်လယ်ကမ်းစပ်ရွာလေးသို့
ပြန်ခွင့်ပြုရန် တောင်းဆိုပြီး
စော်ကားမိတဲ့အပြုအမူအတွက်
ရှိခိုးတောင်းပန်ကာ
စက္ကူငှက်ကလေးနှင့်လူငယ်အားထားခဲ့ပြီး
ထွက်ခွာသွားခဲ့ပါသည်။

ထိုအချိန်တွင်
လူငယ်တွေးခဲ့မိပါသည်။

မတောင်းပန်ခဲ့ရင်အကောင်းသား..
ဒါမှမဟုက်
အစတည်းက….
မစော်ကားခဲ့ရင်အကောင်းသားလို့။

ထိုစဉ်အချိန်တွင်
ငွေ့ရည်ဖွဲ့ကာစ  တိမ်တိုက်ကလေး
ပြိုကျခဲ့ပါပြီ။

In: Others Posted By: Date: Sep 20, 2011
Comment #1

နည်နည်တောနားလည်သွားပြီး
ဖတ်လိုရပြီလိုပြောတာ….

commentinfo By: ခင်စုလှိုင် at Sep 20, 2011
Comment #2

အင်း….နောက်ဆိုပိုနားလည်မှာပေါ့

commentinfo By: ကြယ်စစ်သည် at Sep 20, 2011
Comment #3

နှစ်ယောက်အတူတွဲလို့
ဘ၀ကိုရင်ဆိုင်ရန်ကြိုးစားခဲ့ကြပါသည်။
ပြီးဆုံးသွားပါပြီ။
အရာအားလုံးပြီးဆုံးသွားပါပြီ။(ထိုသို့သူထင်သည်။)

commentinfo By: ခင်ဘုန်းနေ at Sep 21, 2011
Comment #4

ကောင်းတယ်။တစ်မျိုးဆန်းတယ်။

commentinfo By: poem.poem28 at Sep 21, 2011
Comment #5

ဘာကြောင့်လက်တဖက်ကလေထဲမြှောက်သွားတာလဲ….
အားပေးသွားပါတယ်…စိတ်လဲမကောင်းပါဘူး……
( လူငယ်၏စိက်ထဲတွင်လည်း
မစားရသောပန်းသီးကိုစားသုံးပြီးလျှင်
အားလုံးကိုရင်ဆိုင်ရန်အသင့်ဟု
ကြုံးဝါးခဲ့မိပါသည်။

သို့သော်…
ပြဇာတ်တစ်ပုဒ်သည်
ထိုနေရာတွင်မဆုံး….
ကံဇာတ်ဆရာအလိုကျ
ဆက်လက်ကပြခဲ့ရပါသည်။

ထိုသို့ဖြင့်
စက္ကငှက်လေးတစ်ကောင်ကို
လူငယ်ရရှိခဲ့ခြင်းဖြစ်ပါသည်)

commentinfo By: May Kha at Sep 21, 2011
Comment #6

အားပေးကြသူ…
ဖတ်ရှုပေးသူ…
ဝေဖန်ပေးသူ…
အားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်။

commentinfo By: ကြယ်စစ်သည် at Sep 21, 2011
Comment #7

ထိုစဉ်အချိန်တွင်
ငွေ့ရည်ဖွဲ့ကာစ တိမ်တိုက်ကလေး
ပြိုကျခဲ့ပါပြီ။
စိတ်မကောင်းဘူး…ဖိုးကြယ်

commentinfo By: PC at Oct 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment