Professional Authors

တောသား မြို့ရောက်

ရှည်လျားထွေပြားသောခေါင်းစဉ် တပ်မထား။
ရက်လွန်နေသည့်သဘောတရားများ လာမပြောနှင့် နားငြီးသည်။
အထီးအမသဘာဝကို လိင်ဟုခေါ်သည်။လိင်အမျိုးအစား (၄)မျိုးရှိသည်။
လူကြားသူကြားပြောပြန်ပြီလား လိင်အကြောင်း။ခေါင်းခေါက်ပြီး ငေါက်လိုက်ရုံနဲ့
ချောက်ထဲကျမည့်ပုံ။ရှိစေတော့…။
တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်ဆိုတာ အဆိုတော်ချမ်းချမ်းရဲ့ သီချင်း။
ထမင်းတစ်လုတ်အတွက် ထင်းခုတ်နေရသူတွေ ထောင်ချီရှိနေသည်။
ဒုက္ခိတ မိန်းမဟာ ၀ါးဆစ်ပိုင်းတစ်စုံနဲ့။ဆာလောင်မွတ်သိပ်မှုနဲ့။
ထို့ကြောင့် လူတို့၏ညအိပ်ယာဝင်ပုံပြင်တွေထဲ အနုသုခုမပညာရှင်တွေ နောက်တဖန် ပြန်လာကြဦးမည်။
လူမှန် နေရာမှန် စောင့်နေရန်။
မနက်ဖြန်မှာ။
အများနည်းတူ ငါလည်း ပေါင်မုန့်နှင့်ငါးသေတ္တာများ ယူလာခဲ့ပါမည်။
စကြ၀ဠာတိုက်ကြား ပျံ့လွင့်နေသော ဓမ္မတေးသံသည် လူတို့၏နှလုံးအိမ်ထဲ စိမ့်ဝင်လိမ့်မည်။
သေနတ်များ ထာဝရဟမ်းကြအံ့။
အရာအားလုံး ဘာမှမဟုတ်တော့။မင်းလည်း ဘာမှမဟုတ်။ငါလည်း ဘာမှမဟုတ်။
ငုတ်လျှိုးနေသောခက်ဆစ်ပန်းများ ကမ္ဘာမြေပေါ်မှာ ပွင့်တော့မည်။မနက်ဖြန်မှာ။

In: Others Posted By: Date: May 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment