Professional Authors

မိုက်တွင်းထဲက ငါတို့

နန်းချခံလိုက်ရတဲ့ ဘုရင်တပါးလို

ငါလဒမှိုင် မှိုင်

အနာဂတ်ကလဲ လိုက်လေဝေးလေ

ဘာမှန်းမသိတဲ့ လမ်းတွေပေါ်လဲ

အလည်ခဏ ရောက်ဖူးတယ်

စိတ်တွေကလည်း

ပေါက်ရောက်လိုက်ပြန်ပြီ

တလွဲ အတွေးတွေနောက်

တွေးရင်းတွေးရင်း

မမှီလိုက်တဲ့ ရထားကြီးရဲ့

အချိန်တိကျမှုကိုပဲ

အပြစ်တင်ခဲ့ပေါင်း မနည်းဘူး

ငါမဟုတ်တဲ့ငါရဲ့

လှောင်ရီသံလဲ ငါဂရုမစိုက်ဘူး

ဒီတော့

သောကတွေနဲ့  ညနေစာက

စားချင်ဖွယ် မဟုတ်တာ

စကားထဲ ထည့်ပြောမနေနဲ့

အသည်းနှလုံးဆိုတာ

ဘယ်ကမှန်းမသိတဲ့ လေဟာနယ်က

လွင့်လာတဲ့ အမှိုက်

ဒါကြောင့် လူတွေကို

အနိုင်ကျင့်လို့ ရနေတာ

ကဲ ဒီတော့

အချိန်လေးရှိတုန်း

မိုက်တွင်းထဲက ထွက်လိုက်ကြစို့၊၊

In: ကဗျာ Posted By: Date: Feb 11, 2011
Comment #1

အားပေးသွားပါတယ် ကိုနေသွေး

commentinfo By: genius.jinx28 at Feb 11, 2011
Comment #2

နန်းချခံလိုက်ရတဲ့ ဘုရင်တပါးလို

ငါလဒမှိုင် မှိုင်

အနာဂတ်ကလဲ လိုက်လေဝေးလေ

ဘာမှန်းမသိတဲ့ လမ်းတွေပေါ်လဲ

အလည်ခဏ ရောက်ဖူးတယ်

စိတ်တွေကလည်း

ပေါက်ရောက်လိုက်ပြန်ပြီ

တလွဲ အတွေးတွေနောက်

တွေးရင်းတွေးရင်း

မမှီလိုက်တဲ့ ရထားကြီးရဲ့

အချိန်တိကျမှုကိုပဲ

အပြစ်တင်ခဲ့ပေါင်း မနည်းဘူး

ငါမဟုတ်တဲ့ငါရဲ့

လှောင်ရီသံလဲ ငါဂရုမစိုက်ဘူး

ဒီတော့

သောကတွေနဲ့ ညနေစာက

စားချင်ဖွယ် မဟုတ်တာ

စကားထဲ ထည့်ပြောမနေနဲ့

အသည်းနှလုံးဆိုတာ

ဘယ်ကမှန်းမသိတဲ့ လေဟာနယ်က

လွင့်လာတဲ့ အမှိုက်

ဒါကြောင့် လူတွေကို

အနိုင်ကျင့်လို့ ရနေတာ

ကဲ ဒီတော့

အချိန်လေးရှိတုန်း

မိုက်တွင်းထဲက ထွက်လိုက်ကြစို့၊၊Gooddddd.

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment