Professional Authors

မာတုဂါမ

မာတုဂါမ
သောက်မှတ်မရှိတဲ့ ဒီအသဲ
ချုပ်ရိုးဖြေထားတာမှ မကြာသေးဘူး
ယီးတီး တားတားနဲ့
အပိုတစ်ခုပါခဲ့လည်းကောင်းသား
တစ်ခုမကောင်း တစ်ခုပြောင်းသုံးလို့ရတာပေါ့၊
စက်ပစ်စည်းလို့ ဖြုတ်လဲလို့ရမယ်ဆို
ဖြုတ်လဲပြီး ခွေးသာ ကျော်ကြွေးလိုက်ချင်ရဲ့
အခုတော့ဖြင့်ငါမှာ
ကြတ်ပူထိုးလိုက် လက်ပူတိုက်လိုက်
ကောင်းမယ်ကြံလိုက် ယောင်ကိုင်းသွားလိုက်နဲ့
ဟော! ဟော..အချစ်သွေးတွေ ယိုစိမ့်ထွက်လာပြန်ပြီ
အဲ့ဒီသွေးတွေ ငါ့ကိုယ်ထဲမှာ
ဝုန်းဒိုင်းကြဲ ဆူပွက်ထွက်လာတိုင်း
တစ်ခုခုက ဆွဲစုပ်ထားသလို
ငါ့နှလုံးက အောင့်သလို၊နာသလိုလိုဖြစ်ပြီး
နှလုံးကနေ ဗဟိုပြုလို့ လျှပ်စစ်ဓာတ်တွေထုတ်လွှတ်
တစ်ကိုယ်လုံး ကျင်တက်သွားတဲ့အခါ
နာကျင်တယ်ဆိုတဲ့ စကား
အာ!… အဲ့ဒီနာကျင်မှူ့တွေငါမခံနိုင်တော့ဘူး
ငါ……ငါ ကြောက်လွန်းလို့ပါ…..
မထားနဲ့ မထားနဲ့
အဲ့ဒီသွေးတွေ ငါ့ကိုယ်ထဲမှာ မရှိစေနဲ့
မျက်လွှာကို ချထား နားတွေလည်းပိတ်ထား
ခံစားတက်တဲ့ အရောင်တွေပါ ဖယ်ထား
တွေ့သမျှ မိန်းမတိုင်းကို မာတုဂါမလို့သာမှတ်
အမေနဲ့တူသောမိန်းမပေါ့
မျက်လုံးထဲမှာ ဒီပေတံ တစ်ချောင်းပဲထားတော့။  ။။

နေ့သစ် 4.22010  .7 pm
5.2.2010 . 11 am to 1210pm

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

တော်တော် ကိုကောင်းတယ်ဗျာ
ဆက်ပြီး အဲ့ ထက်ပြင်းမယ့် ကဗျာလေး တွေ ရေးပါဦး အားပေးပါတယ်…။

[email protected]

commentinfo By: kyagee13 at Feb 6, 2011
Comment #2

ကိုနေ့သစ်ကြီးအသစ်တွေဖြစ်နေပြန်ပီပေါ့…
2011 မှာကဗျာလေးတွေကအားလုံးအပြင်းစားတွေကြီးပဲ….
ကောင်းတယ်..အားပေးသွားတယ်နော်.. 😀

commentinfo By: ရွှေငါး at Feb 7, 2011
Comment #3

ကျေးဇူးပါ …..မရွှေငါး နဲ့ kyagee တို့ရေ
ဆက်လက်အားပေး နိုင်ပါစေ….
နေ့သစ် လည်း ကျိုးစားနေပါတယ်လို့……

commentinfo By: nate thit(နေ့သစ်) at Feb 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment