Professional Authors

အမုန်းလက်ဆောင် !

အချစ်တဲ့………
ရိုးရှင်းလိုက်တာ။

အမုန်းတဲ့ ………
ပြတ်သားခြင်းလား? ရက်စက်ခြင်းလား?
ချစ်သူ … နင် ငါ့ကို အဖြေ ၁ ခုပေးပါ။

ငါ …… ရင်နဲ့မမျှအောင်ချစ်ခဲ့တော့
ငါ ………… ဘဝပျောက်သွားတဲ့အထိ ဖြစ်ခဲ့ရပြီ။

နင့် အတွက်တော့
ခလုတ် ၁ ချက်နှိပ်တာထက် လွယ်နေမှာပေါ့နော်….
ငါ အတွက်တော့
ဘဝ တွေ …ဘဝ တွေ……
ချစ်သူ ငါ ………. ပေးဆပ်လိုက်ရပြီ။

ဘဝနဲ့ထပ်တူ ချစ်ရတဲ့အချစ်
နင် ပေးခဲ့တာက
ဘဝထက်ကျော်လွန်ခဲ့တဲ့ နာကျင်မှူမျိုးပဲ
ငါ ချစ်တာ ငါပဲ သိသလို
ငါ နာကျင်နေတာလဲ ငါပဲ သိတယ် ချစ်သူရယ်……..
အော်……..ငါက ချစ်ခဲ့ရတဲ့သူ ဖြစ်နေတာကိုး ချစ်သူရယ်။

ငါ …. နင့်ကို ပြောချင်ပါတယ်
နင် …. ငါဆိုတဲ့(သူ)တကယ်ချစ်ခဲ့တာကို ယုံကြည်ခဲ့တယ်ဆို
နောက်ပြန်လှည့်မကြည့်ပါနဲ့တော့
ပြောခဲ့ပြီးတဲ့ စကား ၁ ခွန်းအတိုင်း
အဝေးဆုံး(နှလုံးသားနဲ့)ကို ထွက်သွားနိုင်အောင်သာ နင်ကြိုးစားလိုက်ပါတော့ ချစ်သူ။

ငါ ချစ်ခဲ့တဲ့အချစ်အတွက်
နင် … ပေးခဲ့တဲ့ လက်ဆောင်ကို
ငါ … ရှင်သန်စွာ(မြတ်နိုးစွာ)နဲ့ သိမ်ထားလိုက်မယ်။

(၂၉-၁-၂ဝ၁၁)

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

နင့် အတွက်တော့
ခလုတ် ၁ ချက်နှိပ်တာထက် လွယ်နေမှာပေါ့နော်….

ဟုတ်တယ်နော်..ချစ်ရတဲ့သူတွေကသာရူးနေရတာသူတို့နားမလည်နိုင်ဘူး

commentinfo By: ဇလပ်ဖြူ at Jan 29, 2011
Comment #2

Yes, Ofcourse ဇလပ်ဖြူ and Thanks. 🙂

commentinfo By: pannei at Jul 8, 2011
Comment #3

ငါ ချစ်ခဲ့တဲ့အချစ်အတွက်
နင် … ပေးခဲ့တဲ့ လက်ဆောင်ကို
ငါ … ရှင်သန်စွာ(မြတ်နိုးစွာ)နဲ့ သိမ်ထားလိုက်မယ်။

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment