Professional Authors

အခန်း(၁)နှင့် မတူတော့သည့် လူ့ ဘ၀ အခန်း(၂)။

အခန်း(၁)နှင့် မတူတော့သည့် လူ့ ဘ၀ အခန်း(၂)။

 ငါရယ်လေ….
လရောင်တွေ ကြားမှာ  ကာရန်တွေ မဲ့ နေမှန်း သိပါလျှက်နဲ့
“အမှောင်” မိန်းမငယ်ရှေ့မှာ  ……
ရှက်ပြုံးလေး  ပြုံးချင်နေသေးတယ်…….

ခံစားမှု့ မပါ  ပါဘူး  ဝေဒနာ စူး  တွေရဲ့ နက်ရှိုင်း မှု့ကို
နဂို မယဉ်တဲ့  “အပျို” သွင်ပြင် ညနဲ့
လိုရာကို  စေမိပြန်တယ်……

စေ့စားရာရဲ့ နောက်မှာ  “”စိတ်၊စေတသိတ်၊ရုပ်….”” ရှိနေတယ်  ဆိုတာ…..
မမေးဘဲ သိနေပါလျှက်….
“ကိလေသာ” ရဲ့  ရနံ့မဲ့  အနံ့ ကို တပ်မက်နေတာ တွေးကြည့်ရင်….
“”အ၀ိဇ္ဇာ….””ပါ

ဖြတ်သန်းခဲ့ တဲ့ လမ်းတစ်လျှောက်မှာ….
“ထိမှု့၊သိမှု့…” တွေကို အကြိမ်ကြိမ်  “အာနာပါန..” မှာ တွေ့ခဲ့ပေမယ့်
မတရားမှု့တွေရဲ  အခြေခံ…….
စိတ်ဖောက်ပြန်မှု့တွေရဲ့ “”စံ”” ကို
အတိတ်မှောက်နေတဲ့  “ကာမသုခလ္လိ ကာ နုယောဂ”    ရှေ့မှာ ချပြတော့
လိုရာ လုံးဝမရောက်တဲ့   “ဗုဒ္ဓ” ရဲ့ (အဆုံးအမ..၊) တရားတော်တွေက
ခပ်မျှင်းမျှင်းလေး….ရင်ထဲမှာ “ကျင်”  နေတယ်…..

ငါ သိလိုက်ပါ တယ်လေ……
အမြဲလိုနေတဲ့  ငါတို့  “”မွေးဖွား…လာ”” ဘ၀တွေမှာ
မြင်နေရာတွေ ပျောက် ပျောက် လာတဲ့ အခါ
“သင်္ခါရ..”လောကဆိုတာ…… ဘာမှ “မမြဲ ” ဘူး ဆိုတာကို ပေါ့
ဒါပေမယ့်လဲ….
ငါရယ်လေ………….၀ိုးတ၀ါး  မြင်လိုက်ပါတယ်….
ရင်ထဲမှာရှိနေတဲ့ “”လောကသုံးပါး””  မှာ  တဖြည်းဖြည်းနဲ့
(လူ…) ဖြစ်လာခဲ့ ပြီ……ဆိုတာကိုဘဲပေါ့……….
နောက် …ငါ   “ပြန်” ရတော့မှာလဲ သိပ်မကြာတော့ဘူးလေ..။                        ။

ဖွင့်ဆိုချက်..(အကျဉ်း။)
၁၊(အပျို..)=ယင်ဖို   ပင် မနားဖူးသေးသော  “ကညာပျို..”၊
၂၊(စိတ်၊စေတသိတ်၊ရုပ်..)= သံသရာ လည်ကြောင်း အခြေခံ အကြောင်း(၃) ပါး(အကျဉ်း..။)
၃၊(ကိလေသာ..)=စွဲလမ်းမှု့ အာရုံများရဲ့ အချုပ်..(အကျဉ်း..၊)
၎၊(အ၀ိဇ္ဇာ..။)=အမြင်မှန်ကို ပိတ်ဖုံးဆည်းတားတတ်သော  တရား(၂) ပါး(အကျဉ်း..။)
၅၊(အာနာပါန..)=ခန္တာ ဖြစ်ပျက်  သိမှု့၊ထိမှု့ သတိမလပ် ပြုကျင့် ခြင်းတရား(အကျဉ်း..။)
၆၊(စံ..)=တိုင်းတာမှု့ စံနှုန်း..။
၇၊(ကာမသုခလ္လိ ကာ နုယောဂ..)=လောကစည်းစိမ် ကာမဂုဏ် အမျိုးမျိုးတို့ကို  ပျော်ပါနေမှု့…။
၈၊(ဗုဒ္ဓ..)=အတုလ မရှိ  မြတ်စွာဘုရား။
၉၊(သင်္ခါရ..)= သက်ရှိ၊သက်မဲ့ အားလုံးသော ဖြစ်မှု့၊ပျက်မှု့ တို့ကို  ဖန်းတီးစီမံ ပြောင်းလဲ ပြုပြင်နေသော သဘောတရား..။
၁၀၊(လောကသုံးပါး)=  သြကာသ လောက၊သတ္တ လောက၊သင်္ခါရ လောက(အကျဉ်း..။)

                                             [email protected]
                                                      (2;10am)31.1.11

In: ကဗျာ Posted By: Date: Jan 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment