Professional Authors

အရူးတစ်ယောက်ရဲ့ Civilization

ဟုတ်ကဲ့

ပျော်မယ်ထင်လို့ လိုက်လုပ်ကြည့်မိရဲ့

အချစ်က အသွားချွန်ထက်တဲ့ ဓားလိုပဲ

ထိလွယ် ရှလွယ်

ပိုးစုန်းကြုးဇာတ်ကမိတာပါ

ပူမှန်းသိရဲ့သားနဲ့ တိုးတာ

မျက်ကန်းတစ္ဆေ မကြောက်သလိုမျိုးပေါ့

 

Civilization ဆိုတာဘာလဲတဲ့

ကောင်မလေးရေ

နင့်မေးခွန်းက ငါ့ကိုခိုက်တယ်

ငါမရိုင်းစိုင်းကြောင်း ငါမရှင်းပြချင်ဘူး

ပါးစပ်ပိတ်နေပါရစေ

အဲဒါက ငါ့ရဲ့ လူမသိ သူမသိ ယဉ်ကျေးခြင်း

 

ခိုးခိုးမက်ကြည့်မိရဲ့

ရွှေရောင်ခပ်တောက်တောက် အိပ်မက်တွေပေါ့

တိုးတိုးလေး ရူးကြည့်မိရဲ့

အနားက ဖြတ်ပြေးသွားတဲ့ မင်းရဲ့ ရနံ့လေးတစ်ချက်နဲ့

အပြစ်မတင်ပါနဲ့ ချစ်သူ

သူရူးတစ်ယောက်ရဲ့ အရူးဆန်ဆန် ရူးသွပ်မှုသက်သက်မို့

ဘာဘောင်မှ ခတ်မပစ်လိုက်ပါနဲ့

(သနားသောအားဖြင့်)

 

ကျွန်တော်ရှုံးပါတယ်

အချစ်နဲ့စလို့ အရှုံးနဲ့ဆုံးတယ်

အမုန်းတွေမလိုတော့ပါဘူး

ပန်းတွေကြွေတယ်

လေပြင်းတွေတိုက်တယ်

သစ်ပင်တွေလဲတယ်

ဒီဇာတ်ဝင်ခန်းလောက်နဲ့ပဲရပြီ

ကျွန်တော့်ဘာသာ အသည်းကွဲပါ့မယ်

ခွဲပေးသွားစရာမလိုတော့ပါဘူး

ဇာတ်ကသိမ်းသွားပြီ

 

ကျွန်တော် ပိတ်ထားပါတယ်

မျက်စိ နား ကိုယ်စိတ်နှစ်ပါး အားလုံး

ကျွန်တော် မြင်ယောင်ကြည့်နေတာ

ခုကျတော့လဲ အရူးရဲ့အသည်းကွဲခန်း

ခမ်းနားလိုက်တာ

အရူးကချစ်

အရူးကကွဲ

အရူးကလာဖတ်

ဟက်ဟက်ပက်ပက် ရီကြည့်လိုက်မိရဲ့

အရူးရီသံလဲ သာမန်ပါပဲ…….

 

ကြက်ခြေခတ်X

7.12 pm 29 jan sat 2011

 

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

အရူးလေးအသဲကွဲနေပါသည်……… 🙂

commentinfo By: moezat at Jan 29, 2011
Comment #2

ငါမရိုင်းစိုင်းကြောင်း ငါမရှင်းပြချင်ဘူး
ပါးစပ်ပိတ်နေပါရစေ
အဲဒါက ငါ့ရဲ့ လူမသိ သူမသိ ယဉ်ကျေးခြင်း…။

commentinfo By: SoFarAwayFromU at Oct 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment