Professional Authors

အရူးတစ်ယောက်ရဲ့  အတ္တ

အရူးတစ်ယောက်ရဲ့  အတ္တ

ဘယ်ဘ၀ရယ်က ၀ဋ်ကြွေးကြောင့်
အိပ်မက်တွေက
ဒီလောက်အကျည်းတန်နေရတာလဲ
နေညိုချိန်ကံမကောင်းမှုတွေကို
ရေတွက်ကြည့်ရင်
အသက်ထက် နှစ်ဆရှိနေပြီ

ရင်ကွဲအောင် ချစ်နေမိခဲ့မှတော့
ရင်နာစရာလောက်နဲ့ 
မျက်ရည်မစို့ သင့်တော့ဘူးလေ
အပြောင်းအလဲဆိုတာ
ကိုယ်ပိုင်ခဲ့တဲ့အရာမှမဟုတ်ခဲ့တာပဲ

ချစ်သူရယ်
မလှပတဲ့အကြောင်းတရားတွေအတွက်
ကိုယ့်အတိတ်ကံကိုပဲ ကိုယ် အပြစ်တင်ပါတယ်
မင်းနဲ့ ပတ်သက်ရင်
အရူးထက်ပိုရူးတဲ့အရူးလေးကိုတော့
နေထွက်ချိန်တွေမှာ အောက်မေ့ပေးပြီး
နေ၀င်ချိန်တွေမှာ သတိရပေးပါဦးနော်..။

                              

                                          မိုးအိမ်

In: ကဗျာ Posted By: Date: Sep 5, 2010
Comment #1

do for the present ,leave the past .be ready for the furture တဲ့။.အပြောင်းအလဲ တွေကို မပိုင်ချင် ပါ နဲ့ .အပြောင်းလဲနောက်မှာ နောင်တတွေ တွေ့ ၇တတ်တယ်.

commentinfo By: dan at Sep 5, 2010
Comment #2

ခံစားချက်တွေပြင်းနေပုံပဲ အပိာ…………

commentinfo By: eieiwaiaung at Sep 18, 2010
Comment #3

ကဗျာအပေါ် ၂ ပိုဒ်က ဆွဲဆောင်သွားပြီး အောက်ဆုံးအပိုဒ်ရောက်မှာ ပေါ့သွားသလိုပဲ။ အချပိုဒ်မှာ ဒီ့ထက်ပိုပြီး ပြင်းပြင်းလေး ပေးနိုင်ရင် ပိုလှမယ်ထင်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူး။ ကျွန်တော့် အမြင်ကို ပြောပြတာပါ။

commentinfo By: chiron at Sep 18, 2010
Comment #4

ရင်ကွဲအောင် ချစ်နေမိခဲ့မှတော့
ရင်နာစရာလောက်နဲ့ 
မျက်ရည်မစို့ သင့်တော့ဘူးလေ
အပြောင်းအလဲဆိုတာ
ကိုယ်ပိုင်ခဲ့တဲ့အရာမှမဟုတ်ခဲ့တာပဲ
အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment