Professional Authors

လောဘသားကောင်

နေရီတိမ်တောက်ချိန်
သက်ရှိသက်မဲ့ ရှိသမျှ
အလှဆုံးချိန်လို့ တင်စားကြ
 ဒါပေမယ့်
မြင်နေရတာက
အဝေးဆီက မသဲကွဲတဲ့ ပန်းချီကားတစ်ချပ်
ရှိုက်ငိုသံများ
ကြားလိုက်မိသလားလို့
ဘေးဘီကိုငဲ့ကြည့် အဖြေရှာ
ဒီတော့ လူတွေပြောတဲ့
ကရုဏာတရားက
ကျနော့်ကို ပြန်ဖြေတယ်
မင်း အလုပ်မဟုတ်ဘူးတဲ့
ပိန်လှီနေတဲ့ ကလေးငယ်တွေနဲ့
မွတ်သိပ်ခြင်း မျက်ဝန်းတွေက
အတ္တကြီးတဲ့ ကျနော-့ရင်ဘတ်ကို
ဒိန်းခနဲ ဝင်ဆောင့်
ဒေါ်လာတွေနဲ့ 
ကိုယ်ချင်းစာတရားအောက်မှာ
ကျနော် လွန်ဆွဲလို့ကောင်းတုန်း၊၊

In: ကဗျာ Posted By: Date: Jan 29, 2011
Comment #1

နေရီတိမ်တောက်ချိန်
သက်ရှိသက်မဲ့ ရှိသမျှ
အလှဆုံးချိန်လို့ တင်စားကြ
ဒါပေမယ့်
မြင်နေရတာက
အဝေးဆီက မသဲကွဲတဲ့ ပန်းချီကားတစ်ချပ်..။
ကောင်းနိုင်ပါတယ်…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment