ကဗျာ “ပေါက်ပန်း” /ကဗျာမပီ စာပန်းချီ။
ကဗျာ “ပေါက်ပန်း” /ကဗျာမပီ စာပန်းချီ။
 “ကဗျာ” 
 “ကာရန်”မပါတဲ့စာနဲ့  စာရွက်ပြင်ပေါ်ချရေး
 ခံစားချက်စာတန်းလေး ဘဲ  ဖြစ်မယ်….
 “ကဗျာ”
 “နဘေ”ဆိုတာမပါ  ချိတ်ဆက်မှု့မရှိဘဲ ရေးတဲ့အခါ
 ဖတ်ရတာ”ထောက်” 
 ပါတဲ့  “အကြောင်းအရာ” အောက်
 “အသိတရား”တွေ  မရောက်နိုင်ဘူး….
 “ကဗျာ”
 တပုဒ်လုံးမှာ   “လကာင်္”ကိုထည့်မရေး
 စာကြောင်းတွေ ဒီအတိုင်းဘဲပြေးရင်
 ရည်ရွယ်ရာကို  မရောက်
 “ရသ” မြောက်မှာ ဟုတ်ဘူး….
 “ကဗျာ”
 ကဗျာ…ရတု   ရေးစပ်မှု့တွင်
 “ဂရုပဒေသ,နယုပဒေသ,နဂ္ဂါယဟ”
 ထိုသုံးဖျှကို  အတိုချပြော
 “ပါဋိ” သဘောအရ
 ကိရိယာ/တြိယာ(၆၀)  ပိုင်နိုင်ဖွယ်မရှိ
 “လာ” ရာမသိ “သဒ္ဒါ” မရှိရင်
 “ကဗျာ”  ချရေး “ကလောင်”သွေးလဲ
 “ရသ”မမြောက်  လိုရာမရောက်
 “ကဗျာ” လို့ရေး “စာဆို” ဝေးတယ်……
 “စာဆို”အခေါ်  “ကာရန်” အပေါ်ကို
 “ဆိုရိုး”အပြု (၂)ခုသာရှိတယ်
 (ကာရန်ကြီး=”မူလကာရန်/ကာရန်ငယ်”=ကာရန်အသံ)
 နောက်တဖန်…”ကာရန်”  အားလုံးရဲ့ ဟန်ဟာ
 “မူလကာရန်(၁၆)တန်က ကင်းကွာမရ
 “စပ်”ဆိုကျမှ  “ကဗျာ”ဟုခေါ် 
 “စာဆို”တော်မယ်….
 ငါတို့  ချရေး စာသားလေးတွေ
 ခံစားချက် အခြေခံ ပြောင်မြောက်နေဟန်နဲ့
 တပုဒ်ပြီး  တပုဒ်သီကုံး စပ်ဆိုတုန်းတော့
 “ကဗျာ” ဟုထင်  ကိုယ့်ဖြစ်အင်က
 တကယ့်…တကယ်တော့
 “ကဗျာမဖြစ် “စာ”  သာဖြစ်၍
 “နဘေ” မပါ “ကာရန်” စည်းလွတ်
 “လကာင်္”  ညွှတ်တဲ့  ထိုကဗျာ…။      ။
             [email protected]
             (19.12.10)00း20pm

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
အင်း……
ကောင်းတယ်