Professional Authors

ကော်ပီ နေ့ စွဲများ…………..

ဦးဏှောက်ချင်း စီးချင်းထိုးနေတဲ့ ခေတ်မှာ
တ၀ါးဝါးသန်းရင်းနဲ့  နေရက်တွေတောင်
မပီဝိုးတ၀ါးပဲ  ………..
ဘိန်းမုန့် သည်ရဲ့ နိုးစက်နဲ့ 
မနက်တိုင်း မျက်နှာသစ်လို
သံပတ်လို လူတန်းစား အလုပ်ကို
ရက်စွဲအလီလီ အထပ်ထပ်နဲ့ 
မရိုးသော ကျေးဇူးတင်စကားတွေနဲ့ 
အခါခါ နှုတ်ဆက်ပြီး …..
အိမ်အပြန်လမ်းမှာ နောက်ထပ်
မပြီးဆုံးသေးတဲ့ ခြေရာတွေ အထပ်ထပ်
၂၄ နာ၇ီ အော်ချင်တဲ ကြက်
သန်ခေါင်ယံ သောင်းကျန်းတဲ့ ၀က်
လူမြင်တိုင်း ဟောင်ချင်တဲ့ ခွေး
ပြုံးတုံးတုံးနဲ့ လုံခြုံရေး
ကောင်းရောဗျာ ……
ရိုးရှင်းလိုက်တဲ့ ဘဝ
အသပြာမပေးရတဲ့ အတင်းအဖျင်း
မနက်ပြုံးလို နှုတ်ဆက်တက်တဲ့
ညက မူးယစ်ထုံးထိုင်း
ဂျိုကာနဲ့  ၀မ်းဝသူ
သူလို ငါလို လူတန်းစားတွေနဲ့ 
ခံစားချက်ချင်းတောင် ကော်ပီကူးတက်ခဲ့
ကြာတော့လည်း ငါ့ကို ငါတောင် ငါမဟုတ်သလို
မှန်ထဲ အခါခါကြည့်မှ ငါလည်း ကော်ပီပဲ…

In: ကဗျာ Posted By: Date: Jan 27, 2011
Comment #1

သူလို ငါလို လူတန်းစားတွေနဲ့ 
ခံစားချက်ချင်းတောင် ကော်ပီကူးတက်ခဲ့
ကြာတော့လည်း ငါ့ကို ငါတောင် ငါမဟုတ်သလို
မှန်ထဲ အခါခါကြည့်မှ ငါလည်း ကော်ပီပဲ…good ….
like this poem

commentinfo By: အသဲကွဲမိုး at Jan 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment