Professional Authors

ပြယုဒ်မဲ့ ရှု့ခင်း..။

ပြယုဒ်မဲ့ ရှု့ခင်း..။

ငါတစ်ကယ် ပင်ပန်းနေပါပြီ………
မျောလွင့်တတ်တဲ့ ငါ့ စိတ်နဲ့
နာကျင်လွယ်တဲ့ ခံစားမှု့တွေ
ဖြစ်တည်မှု့ မမှန်နိုင်လွန်းတဲ့ ဘ၀တစ်ခုရယ်ကို
စိတ်ထဲက မုန်းတီး
သိသိကြီးနဲ့ ရှုံးနေတဲ့  ငါဟာ
ရူးနေတဲ့  သိုး..မည်းတစ်ကောင်လို ဖြစ်ပြီး
ညအမှောင်ကြီး မှောင်မှ
မြက်ခင်းစိမ်းတွေရဲ့ အပေါ်မှာ
အိပ်စက်ခဲ့မိပြန်တယ်……

ဖြေသိမ့်ရာမဲ့  ရင်တစ်ခုလုံးကို
ပန်းခင်းတွေ ဖြစ်လာဖို့ ပျိုးနေရင်း
စက္ကန့် သံတွေ ခရီးလွန်နေတာကို သိလျှက်နဲ့
ယောင်ငေးငေး အသိနဲ့ ကြည့်ပြီး
စာမပါဘဲ  ဗလာကြီးကို ဖြတ်သန်း
ရင်ဘတ်ထဲ မလန်းပါဘူး…..
ဘ၀အတွက်လဲ ဆန်းမလာခဲ့ ပါဘူး…..

ဟောင်းခဲ့တဲ့ နာရီအိုအို တွေနဲ့အတူ
မီးမညှိရသေးတဲ့ ဆေးပေါ့လိပ် အတိုတွေကို
လူချေတိတ်တဲ့    ညည့်နက်နက် ကြီးရဲ့  အလယ်မှာ…..
အဖော်မဲ့ ခံစားမှု့တွေကို တွဲခေါ်လို့
စကားလုံးတွေရဲ့ ဖျားယောင်မှု့ ကို
ငါခံရတယ်…….
နောက်တော့……
ကြိုသူမဲ့ မိုးသောက်အာရုံမှာ
ငါမျက်နှာ သစ်ခဲ့ရတယ်လေ……

ပူလွန်းတဲ့ နေကိုလဲ ငါမသိတော့ပါဘူး…….
နင့်နေအောင် နာနေတဲ့ ဒီရင်ကိုလဲ ငါမသိတော့ပါဘူး……
အို…ကြယ်ပျောက်တဲ့ ကောင်းကင်အောက်မှာတောင်
ရက်စက်လွန်းတဲ့ ခြင်တချို့နဲ့
မိတ်ဖွဲ့ရင်း….
ဖြူလျော့လျော့ ဘ၀တစ်ခုကို
သကာရေ တွေလောင်းခဲ့ပါတယ်…။                   ။

                                       [email protected]

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

ပူလွန်းတဲ့ နေကိုလဲ ငါမသိတော့ပါဘူး…….
နင့်နေအောင် နာနေတဲ့ ဒီရင်ကိုလဲ ငါမသိတော့ပါဘူး……
အို…ကြယ်ပျောက်တဲ့ ကောင်းကင်အောက်မှာတောင်
ရက်စက်လွန်းတဲ့ ခြင်တချို့နဲ့
မိတ်ဖွဲ့ရင်း….
ဖြူလျော့လျော့ ဘ၀တစ်ခုကို
သကာရေ တွေလောင်းခဲ့ပါတယ်…။ ။
အားပေးသွားပါတယ်……. က ကြီးရေ

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #2

အားပေးသွားတယ် ကကြီးရေ…..

Leave Comments

Name*

Email*
Website
Email me whenever there is new comment