Professional Authors

ကျေးဇူးပါပဲဗျာ

 

နောက်ဖေးက အသံကြားလို့

ထကြည့်မိတော့

ကမ္ဘာမြေအတွက် အယ်ဒီဆင်ကို ဂုဏ်ပြုတဲ့ပွဲတဲ့

မီးရထား စက်သံကြီးလိုပဲ

ကျနော့ မျက်လုံးတွေ မှိတ်လို့

အမှောင်ထဲ ဂုဏ်ပြုပေးလိုက်ပါတယ်။

ဒါပေမယ့်

နားတွေနဲ့ ဘယ်လို ဂုဏ်ပြုရမလဲဆိုတာ

စဉ်းစားလို့ မရခဲ့ဘူး

“အင်း .. ဟုတ်ပါတယ်လေ”

အမှောင်က အေးချမ်းတယ်ပဲ ပြောမလား

မျက်လုံးအေးတယ်ပဲ ပြောမလားပဲ

အခုထိတော့ မိုးကောင်းကောင်း မရွာသေးဘူး။

တစ်ခါတစ်ရံတော့

လျှက်စီးတွေ ဖြတ်ပြေးသွားလို့။

အခုလဲ အမှောင်ထဲ

စာထိုင်ဖတ်လို့ မရတော့

ရုပ်မြင်သံကြားစက်ကို အမှိုက်ပုံးထဲ

လွင့်ပစ်လိုက်တယ်

စာလောင်နေတဲ့

မီးစက်သံတွေကိုတော့ လွင့်ပစ်လို့ မရခဲ့ဘူး

လကမ္ဘာပေါ် ပြေးနေချင်လိုက်တာ။

“အင်း .. ဟုတ်ပါတယ်လေ”

အခုလဲ ရုပ်မမြင်ရလဲ

ဂစ်တာကိုင်ပြီး သီးချင်းဆိုလို့ရနေသားပဲ

ဖယောင်းတိုင် ထွန်းရင်းလဲ

ဆုတောင်းလို့ ရနိုင်သေးတာပဲ

“အင်း.. ဟုတ်ပါတယ်လေ”

ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်အလားပေါ့

နောက်တစ်ခုက

အေဒီ ခြင်ကျား ကင်းရှင်းရေး တာဝန်ပေးထားတာမှလဲ မဟုတ်တာပဲ

ဟုတ်စွ အဆုံး

တရေးတောင် အိပ်လို့ ရသေး

“အင်း.. ဟုတ်ပါတယ်လေ”

ကျေးဇူးပါပဲ အယ်ဒီဆင်ရေ..

In: ကဗျာ Posted By: Date: May 19, 2012
Comment #1

he,,he,, 😀
right,,right,
daw like dar.
a yan yae tat tar pe naw.
a yan ko arr kya de,,a hote

commentinfo By: ei lay at May 19, 2012
Comment #2

ei lay ရေ ကျေးဇူးပါပဲဗျာ.. 😛

commentinfo By: hanthuaung at May 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment