Professional Authors

တစ်ခါတစ်လေတော့လဲ…..

 

 တစ်ခါတစ်လေတော့လဲ

ကိုယ့်အတိတ်ကို ကိုယ်လှန်ကြည့်တာလောက်

ဆိုးဝါးတာမရှိဘူး

အလုပ်မရှိ ချစ်တီးခေါင်းသန်းရှာသလိုပဲ

တစ်ခါတစ်လေတော့လဲ

ကြီးကြီးကျယ်ကျယ်စကားတွေ လျှောက်သုံးပြီး

ကိုယ့်ကျေနပ်မှုကိုယ် တန်ဆာဆင်ကြည့်မိတယ်

 

တစ်ခါတစ်လေတော့လဲ

ဘဝက မသိမသာလှတယ်

သကြားလုံးရတဲ့ ကလေးသူငယ်လိုပဲ

ပျော်မြူးမိတာ ဘာခံစားချက်မှမရှိပဲ

တစ်ခါတစ်လေတော့လဲ

ကိုယ့်အသက်ကိုမေ့လျော့

မအပ်စပ်တာတွေ လျှောက်တွေးကြည့်ပြီး

ကိုယ့်နေ့ရက်တွေကိုယ် ရွှေချကြည့်မိတယ်

 

တစ်ခါတစ်လေတော့လဲ

မြင်မြင်သမျှက ဖျားနာစရာတွေကြီးပဲ

ရေနစ်ရာ ဝါးကူထိုးကြတယ်

တစ်ခါတစ်လေတော့လဲ

နေ့စွဲတွေက စုတ်ပြတ်

မည်းမည်းမြင်ရာ ထိုးဟောင်တတ်တဲ့ခွေးလိုပဲ

မြင်မြင်သမျှကို နာကျင်လာမိတယ်

 

တစ်ခါတစ်လေတော့လဲ

နင်ပြောကြည့် ငါနှုတ်ဆိတ်နေပေးမယ်

ဘဝဆိုတာက မင်းပြောသလိုချိုမယ်ဆို

ငါကော်ဖီကို သကြားမထည့်ပဲ စသောက်မယ်

တစ်ခါတစ်လေတော့လဲ

ခပ်ရွဲ့ရွဲ့ပဲ  ပြောကြည့်တယ်

တစ်ခြားလူတွေအတွက်ငါက လူ့ဂွစာလိုပဲ

မြင်မြင်သမျှကို ဂွတိုက်နေမိတယ်…

 

တစ်ခါတစ်လေတော့လဲ………………

ဆက်ပြောရင် ဆဲခံရတော့မယ်….

 

ကြက်ခြေခတ် X

11.03 pm 23 jan 2011 sun

 

 

 

 

In: ကဗျာ Posted By: Date: Jan 23, 2011
Comment #1

ဆဲသွားတယ်ဗျို့….. 😀 😛

commentinfo By: မာယာမင်းသား at Jan 23, 2011
Comment #2

ဆဲသွားတယ်.. အဲ.. အားပေးသွားတယ်ဗျို့…
🙂

commentinfo By: Thiha at Jan 24, 2011
Comment #3

တစ်ခါတစ်လေတော.လဲ
က်ြခြေခတ် က မှန်နေတတ်တယ်။

commentinfo By: little bird at Jan 25, 2011
Comment #4

ကြိုက်သွားပြန်ပြီ….။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment