Professional Authors

ပျိုမေတွေအတွက်စလေ တေးထပ်တပုဒ်

မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျစွဲ
ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေးသံကိုလည်း
အငြိမ့်သံသည်ပွဲလို့ စိတ်ထဲကထင်တယ်၊
ကွာမည်ကိုမဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ်၊
ဖိနပ်နှင့်အရပ်လယ်မှာ
မပြတ်ကွယ် မယ်ရိုက်တော့
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေးမျှော်လျှင်
ထဘီလျှော်ခိုင်းတော့လေး။
(စလေဦးပုည)

In: ကဗျာ,ဦးပုည‎ Posted By: Date: Jan 20, 2011
Comment #1

ဟားး ………….. ဘာပြောရမလဲတောင် မသိတော့ဘူး……….

Comment #2

မီး ဟုတ်ဘူး စလေဦးပုည ရေးတာနော် အဟိ 😛

commentinfo By: Amara Mg at Jan 20, 2011
Comment #3

ဟုတ်ပါတယ် မီးရယ်… ဟဲ့ဟဲ့ လုပ်ပါဦးးး………. မီးစွဲနေပီ…………..
😛

နောက်တာ ဗဟုသုတရပါတယ်ဗျာ….. ကဗျာလေးက ကောင်းပါတယ်… အားပေးနေမယ်ဗျာ

Comment #4

အဲလိုယောက်ျား ရှိနိုင်ပါ့မလားနော်။

commentinfo By: မီ at Aug 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment