Professional Authors

အားလုံးအတွက်

အမုန်းတွေ ပေးချင်တာလား

အချစ်တွေပဲ ပေးလိုက်ပါ

လက်လီ လက်ကား ယူကြပါစေ

အချစ်နဲ့ အမုန်း

အသည်းနှလုံးက မြစ်ဖျားခံစီးပေမယ့်

အပေါင်းအသင်း ၀င်ဆံ့တာခြင်း ကွာပါတယ်

မဲ့ပြချင်တာလား

ပြုံးလိုက်ပါ

မဲ့ခြင်းနဲ့ ပြုံးခြင်း

အားစိုက်မှုခြင်း မကွာပေမယ့်

အကျိုးအမြတ်က ကွာလွန်းပါတယ်

လက်စားချေချင်နေတာလား

ခွင့်လွှတ်လိုက်ဖို့ ကြိုးစားလိုက်ပါ

လုပ်ရတာခက်သလောက်

စားရတာ ချိုပါတယ်

တိုက်ခိုက်ချင်တာလား

ကျေအေးဖို့ ညှိနှိုင်းလိုက်ပါ

တိုက်ခိုက်ခြင်းနဲ့ ကျေအေးခြင်း

ခေါင်းစားရတာချင်း တူပေမယ့်

ရှူရှိုက်ရမယ့်လေထု

လတ်ဆတ်မှုခြင်း ကွာပါတယ်

အလျားအနံ မရှိပေမယ့်

အသွားအပြန်ရှိတယ် ဆိုတဲ့

နိယာမအောက်မှာ

ဘာလို့ အပူတွေဖြန့်တော့မှာလဲ

ဒါကြောင့်

ချစ်ကြ

ပြုံးကြ

ခွင့်လွှတ်ကြ

ကျေအေးကြဖို့

အားထုတ်လိုက်ကြစို့

In: ကဗျာ Posted By: Date: Jan 18, 2011
Comment #1

အမုန်းတွေ ပေးချင်တာလား

အချစ်တွေပဲ ပေးလိုက်ပါ

လက်လီ လက်ကား ယူကြပါစေ

အချစ်နဲ့ အမုန်း

အသည်းနှလုံးက မြစ်ဖျားခံစီးပေမယ့်

အပေါင်းအသင်း ၀င်ဆံ့တာခြင်း ကွာပါတယ်

……………

commentinfo By: nate thit(နေ့သစ်) at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment