Professional Authors

စံပယ်

ဖူးတံစိမ်းမြ ရွက်ဝိုင်းလှနှင့်
အုံ့ဆိုင်းပင်စည်
ညီညီညာ၏။
ဆွတ်ဖြူပွင့်ကား
နှင်းပွင့်အလားသို့
အဆုပ်လိုက်ချီ
ပြည်သာပီတိ။
ပျိုခင့်ထက်နား
ကေသာကြားမို့
အကုံးလိုက်သီ လှနေပါဘိ။
ကြွေကာနွမ်းလည်း
ရနံ့မြဲလို့
သင်းမြဲနေသည်
တော်ဝင်ပါသည့် ပန်းစပယ်သီ။ (ချမ်း)
In: ကဗျာ Posted By: Date: Jan 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment