Professional Authors

စိတ်ပျက်လက်ပျက် ပိုက်ကွန် (မင်းချစ်သူ)

စပြီးတွေ့တွေ့ချင်းပဲ
အပြုံးချိုတွေ တည်ခင်းလို့
မင်း ကိုယ့်ကို ဧည့်ခံတယ်။

အလ္လာပ သလ္လာပ ပြောကြတော့
အယူအဆတွေကလည်း
သိပ် သဘောမကွဲလွဲကြပါဘူး။

ဈေးကွက်ဝင် ဆက်ဆံရေး နိဿရည်း
နည်းဗျူဟာ အသွယ်သွယ်မှာလည်း
မင်း လိမ္မာပါပေတယ်။

တစ်စွန်းတစ်စပြတဲ့ နိမိတ်တွေကလည်း
တောက်ပြောင်တဲ့ လက်ထိပ်လို
ကိုယ့်စိတ်ကို ချုပ်နိုင်ပါရဲ့။

ဆွဲဖွင့်လိုက်တဲ့ ဇစ်လို
ပွင့်လင်းတဲ့မင်းကို မြင်ရတာ
(လက်ဖျား ခြေဖျားတွေ
နည်းနည်းအေးသွားတာက လွဲရင်)
ကျေးဇူးတင်စရာပါ။

ဒါပေမယ့်
ကိုယ်ဘာကောင်လဲလို့ သိသိချင်း
မင်း ဓာတ်ပျက်သွားတယ်မဟုတ်လား။

ကိုယ်ကလည်း ရဲရဲတင်းတင်းနဲ့
ချက်ချင်းကြီး ဖွင့်ပြောလိုက်မိတာကိုး
ကိုယ်ဟာ
‘ခဲမှန်ဖူးတဲ့ စာသူငယ်’ ပါလို့။       ။

မင်းချစ်သူ

/*၉၈ အချစ်ကဗျာစာအုပ်ကပါ။*/

Comment #1

တစ်စွန်းတစ်စပြတဲ့ နိမိတ်တွေကလည်း
တောက်ပြောင်တဲ့ လက်ထိပ်လို
ကိုယ့်စိတ်ကို ချုပ်နိုင်ပါရဲ့။
ဆွဲဖွင့်လိုက်တဲ့ ဇစ်လို
ပွင့်လင်းတဲ့မင်းကို မြင်ရတာ
(လက်ဖျား ခြေဖျားတွေ
နည်းနည်းအေးသွားတာက လွဲရင်)
ကျေးဇူးတင်စရာပါ။

ဒါပေမယ့်
ကိုယ်ဘာကောင်လဲလို့ သိသိချင်း
မင်း ဓာတ်ပျက်သွားတယ်မဟုတ်လား။

ကိုယ်ကလည်း ရဲရဲတင်းတင်းနဲ့
ချက်ချင်းကြီး ဖွင့်ပြောလိုက်မိတာကိုး
ကိုယ်ဟာ
‘ခဲမှန်ဖူးတဲ့ စာသူငယ်’ ပါလို့။ ။

commentinfo By: May Kha at Jul 6, 2011
Comment #2

😛
😉
🙂

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment