Professional Authors

မျက်ရည်စများ…………………………………………………….မင်းလူန

စိတ်အားရယ်ငယ်
ဘယ်လိုပင်ဖွင့် ကာပြောမယ်လို့ 
အားတင်းကာသူ့ ရှေ့ ရောက်သွား
ဆွံ့ အနှုတ်များ…………
မြင်လျှက်
ကြင်ဖို့ ခက်လေစွ
ဘ၀ကအနားမညီ
ချစ်စိတ်ကြောင့် မှားပြီထင်
အလွှာချင်းမတူ
ထွေးပိုက်သူသည်ရင်ကဒဏ်ရာများ
စုတ်ပြတ်သတ်သွား
ပေထက်မှာ
ကဗျာရေးကာဖြင့် 
စာဆိုပြီးဆွေးမယ်ကြံ
လွမ်းစိတ်ဖိတ်လျှံ
ဒီလူမှာ
အပူဝိုင်းကာဖြင့် 
အသည်းမှာ
စွဲစရာ
ကဗျည်းတင်မိတော့ 
အရီးခင်အိမ်နောက်ဖေးမှာ
ချုံးပွဲချငို……………….  

                                 မင်းလူန

In: ကဗျာ Posted By: Date: Jan 12, 2011
Comment #1

လွမ်းစိတ်ဖိတ်ကျံ
ဒီလူမှာ
အပူဝိုင်းကာဖြင့် 
အသည်းမှာ
စွဲစရာ
ကဗျည်းတင်မိတော့ 
အရီးခင်အိမ်နောက်ဖေးမှာ
ချုံးပွဲချငို……………….

commentinfo By: အသဲကွဲမိုး at Jan 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment