တောင်းပန်ပါတယ်…….(terry)
ကြွက်ကိုနိုင်ဖို့
ကျီ ကိုမီးနဲ့ရှို့ခဲ့မိပြီ။
ဘယ်သူရှုံးလဲ..ဟုတ်လား…..
ကိုယ့်ရုပ်အလောင်းကို
ကားစင်တင်တာတောင်
အခြားသူအမှတ်နဲ့
ရပ်ကြည့်နေခဲ့မိတာကိုး…….။
ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။
ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။
ကိုယ့်နားထင်ကို ပြန်တေ့ထားတဲ့
သေနတ်တစ်လက်ရဲ့
“ဖြောင်း” ခနဲ့ မောင်းချသံထက်
ရိုးစင်းစွာထွက်ကျလာတတ်တဲ့
အဆင်တန်ဆာမဲ့
နင့်စကား ခပ်ပြတ်ပြတ် တွေကို
ငါပိုကြောက်တယ်…။
မစားကောင်းမှန်းသိပေမယ့်
ခဏလောက်
မြည်းစမ်းကြည့်ချင်ခဲ့တဲ့
အရှုံးသမားတစ်ယောက်ရဲ့
ရေငုံနှုတ်ပိတ် ခံစားချက်နဲ့ ပြောမယ်….
နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။
နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။
အရိုးသားဆုံးစကားလုံးကို
ကြားဖူးနေကြ အသုံးအနှုံးနဲ့ပဲသုံးမယ်
အမှားတွေအတွက်
ငါနင့်ကိုတောင်းပန်ပါတယ်………..။
TERRY(5.1.2011)
Comment #2
အလန်းပဲဗျ…။မိုက်ဒယ်…။ ပုံဖော်ထားတာ…ပီပြင်ဒယ်…။
By: ကိုဇီဇာ at Jan 9, 2011
Comment #3
အ၇မ်းကောင်းပါတယ် .
By: nandar at Jan 9, 2011
Comment #4
ပြာဖြစ်တော့ထင်းတစ်စက
အရင်သစ်ပင်ဘ၀ကို
ပြန်လွမ်းခွင့်မရှိမှန်း သိပါတယ်..။
By: not leaf in tree at Jan 10, 2011
Comment #6
ကိုယ့်အမှားတွေနဲ့ကိုယ်
ရှုပ်ရှက်ခပ်ရင်း
အမှန်တရားတောင်
ဘာအရောင်ပြောင်းသွားမှန်း
လှည့်မကြည့်ဖြစ်ခဲ့ဘူး……။
လန်းတယ် ……….. 😀
By: ရွှေငါး at Jan 10, 2011
Comment #8
နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။ ,,,,,,,,,,,,,,,, ကြိုက်တယ် ။
By: rabbit at Jan 10, 2011
Comment #12
ဟုတ်ကဲ့..မရွှေငါးပါရှင့်… 😀
By: ရွှေငါး at Jan 11, 2011
Comment #14
ဟေ..အဲဒါရွှေလိပ်ပြာလေးလား… 😀
ဟဲဟဲ..အစ်မ invite ပြန်လုပ်လိုက်ပီနော်
By: ရွှေငါး at Jan 11, 2011
Comment #16
ကို Terry က အသဲကွဲကဗျာတွေဘဲ ရေးတယ်နော် ကောင်းပါတယ် ကြိုက်တယ် ဒါပေမဲ့ အကွဲတွေရေးပါများတော့ Terry ကို အကွဲလို့ဘဲ မြင်မိတယ်။ ဟဲ …ဟဲ….
By: kyaw at Jan 12, 2011
Comment #19
တစ်ပိုဒ်ချင်းစီတော့ ဆွဲထုတ်မပြောတော့ဘူးဗျာ ကဗျာတစ်ပုဒ်လုံးလိုလိုကို ဖတ်ရတာအသက်ဝင်တယ် အားပေးသွားတယ် ။
By: X - ray at Aug 22, 2011
Comment #21
nice simple poem
By: ei lay at Jan 27, 2012
Comment #22
နင့်စိတ်က ငါ့အတွက်ဆို
သတိရခြင်းထက်
နာကျည်းခြင်းနဲ့ ပိုနီးစပ်မှာပါ..
အကြောင်းတစ်ခုခုကြောင့်
ငါ့ကိုလွမ်းဖြစ်ရင်
မထိုက်တန်သူတို့ရဲ့
သွားရာလမ်းမှာ
ငါရှိမယ်။ သိပ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ
By: သွေသစ်မင်း at Aug 18, 2012
Comment #23
😉
😉
😉
By: ei lay at Oct 1, 2012
Comment #24
ဆန္ဒရှိသလို သာ ပြုမူပါ…
By: sofarawayfromyou at Jan 10, 2013
Comment #25
ေ်
By: အဖြူရောင် at May 15, 2014




Comment #1
နောင်တစစ်မယ်ဆိုရင်
အမှောင်ချထားရင်တောင်
တမ်းတခြင်းလောက်တော့
အရောင်ထွက်တယ်……..။
အဲဒီစာသားလေးကို ကြိုက်တယ်ဗျာ