Professional Authors

မနေ.ညကဇာတ်သိမ်းခန်း

ကဗျာရေးဖို.သက်သက်
ချစ်ခဲ့တာမဟုတ်လို.
ကဗျာတစ်ပုဒ်စာလောက်နဲ့
မဖွဲ.နွဲ.ချင်ဘူး။

ငါ့စိတ်ကိုရော ငါ့အချစ်ကိုရော
မစမ်းသတ်ပါနဲ့
“မှတ်ကျောက်” ဟာ ငါ့မျက်လုံးထဲမှာဆိုတော့
မင်း ရိပ်မိမှာမဟုတ်ဘူး။

မနေ.ညက မီးပျက်တယ်
မင်းနဲ.ငါစောင့်ကြည့်နေကျဇာတ်လမ်း
ဇာတ်သိမ်းခန်းမှာ
မင်းသားနဲ.မင်းသမီးပေါင်းရသလား
ငါမသိဘူး
သိလည်းမသိချင်ဘူး
သေချာတာက
သူတို.
ရိုးသားစွာချစ်ခဲ့ကြတယ်
မြတ်နိုးစွာချစ်ခဲ့ကြတယ်
ဒါပဲပေါ့။     ။
(၂၀.၂.၂၀၀၇ ကကဗျာပါ။
မင်းသားနဲ့မင်းသမီးပေါင်းကြပါတယ်၊မင်းသားကျွန်တော်မဟုတ်တာကလွဲလို.ပေါ့)

In: ကဗျာ Posted By: Date: Jan 6, 2011
Comment #1

ငါ့စိတ်ကိုရော ငါ့အချစ်ကိုရော
မစမ်းသတ်ပါနဲ့
“မှတ်ကျောက်” ဟာ ငါ့မျက်လုံးထဲမှာဆိုတော့
မင်း ရိပ်မိမှာမဟုတ်ဘူး။
ကောင်းတယ်…

commentinfo By: အသဲကွဲမိုး at Jan 6, 2011
Comment #2

“မှတ်ကျောက်” ဟာ ငါ့မျက်လုံးထဲမှာဆိုတော့
မင်း ရိပ်မိမှာမဟုတ်ဘူး။
ကဗျာလေးကို…ကြိုက်တယ်…အားပေးတယ်နော်…ကဗျာတွေအများကြီးဆက်ရေးနော်…
ကိုမော်နီပျော်ရွှင်ပါစေ………..။ ။ 🙂

commentinfo By: ကဗျာချစ်သူ at Jan 6, 2011
Comment #3

အားပေးနေတယ် ကိုမော်နီရေ … ကိုမော်နီ့ ကဗျာလေးတွေ အရမ်းကောင်းတယ်ဗျာ..

Leave Comments

Name*

Email*
Website
Email me whenever there is new comment