Professional Authors

အချိန်မီ… ဆိုရင် (သက်ထွေး)

အချိန်မီသေးခဲ့တယ်
ဆိုရင်ပေါ့ …
ပန်းပုဆရာလက်
အပ်ခဲ့သော လက်တစ်ဖက်ကို
ကော်ပတ်စားခဲ့ချင်ပါသေးတယ် ။

အချိန်မီသေးခဲ့တယ်
ဆိုရင်ပေါ့ …
စရံငွေကြိုကာသပ်
မနက်ဖြန် တစ်ဝက်ကို
မှတ်မှတ်ရရ
ကြိုးတုပ်လို့ထားခဲ့ချင်ပါသေးတယ် ။

အချိန်မီသေးခဲ့တယ်
ဆိုရင်ပေါ့ …
အလကားရသော
လေကို ရှုသွင်း
မပိုင်ဆိုင်ခဲ့သော ညနေခင်းအတွက်
စိုးရွံ့လို့ နေချင်ပါသေးတယ် ။

အချိန်မီသေးခဲ့တယ်
ဆိုရင်ပေါ့ …
ကဗျာတစ်ပုဒ်ကို
ဖန်ဆင်း ..
ကြယ်စင် ယမင်းရဲ့
ရနံ့သင်းတို့ကို ရှုရှိုက်လို့သွားချင်ပါသေးတယ် ။

အချိန်မီသေးခဲ့တယ်
ဆိုရင်ပေါ့ ..
အဝေးဆုံးကို
ပြေးကာထွက်
အနီးဆုံး
ဆုံမှတ်တို့နဲ့
လွဲခဲ့ချင်ပါသေးတယ် ။

ပိတောက်တွေကို
ပွေ့ကာဖက် …
မပွင့်ဖူးခဲ့ရသော
သစ္စာအတွက်
စိတ်ကူးယဉ်
အိပ်မက်တွေနဲ့သာ
အသက်ဆက်လို့နေချင်ပါတော့တယ်…
ကျွန်တော့်အတွက်
အချိန်မီသေးတယ်လို့
ဆိုလာခဲ့ရင်ပေါ့ … ။ ။

သက်ထွေး
အောက်တိုဘာ ၁၃ ၂၀ဝ၈ ညနေ ၅းဝ၇

In: ကဗျာ Posted By: Date: Apr 12, 2010
Comment #1

ခံစားမိပါတယ်
ကဗျာလေးက အတိတ်ဟောင်းကို
ပြန်မြင်ယေင်စေတယ်….
သတိရပါတယ်
ချစ်သူ…..

commentinfo By: Second Two at May 11, 2010
Comment #2

ကဗျာလေးက ကောင်းလိုက်တာ…
နှစ်သက်၏။

commentinfo By: melodyphyO at May 24, 2010
Comment #3

အချိန်ကတော့ မှီပါတယ် သူကြီး။ အသက်ပဲ မမှီတော့တာ။ စိတ်တော့ မကောင်းပါဘူးဗျာ။ ဟဲဟဲ အချိန်မှီသေးတယ် ဆိုရင်ပါ့ အမှီချိန်ချင်ပါသေးတယ် ( တယောက်ယောက်ကို ) 😀

commentinfo By: ChIr0N at May 30, 2010
Comment #4

ကဗျာအဟောင်းလေဆို ပေမဲ့ ကောင်းနေဆဲပဲ…။
ဒီ ၂ ပိုဒ် ကတော့ အကြိုက်ဆုံးပဲ

အချိန်မှီသေးခဲ့တယ်
ဆိုရင်ပေါ့ …
ပန်းပုဆရာလက်
အပ်ခဲ့သော လက်တစ်ဖက်ကို
ကော်ပတ်စားခဲ့ချင်ပါသေးတယ် ။

အချိန်မှီသေးခဲ့တယ်
ဆိုရင်ပေါ့ …
စရံငွေကြိုကာသပ်
မနက်ဖန် တစ်ဝက်ကို
မှတ်မှတ်ရရ
ကြိုးတုပ်လို့ထားခဲ့ချင်ပါသေးတယ် ။

commentinfo By: အငွေ့ at Jun 10, 2010
Comment #5

a chain hme tay de so yin pop,,,,pyaw pyaw shwin shwin ne ba wa ko kone sone phoe kyoe sar kya soh lar?

commentinfo By: ei lay at Nov 25, 2011
Comment #6

ကျွန်တော် တော်တော် နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Jun 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment