Professional Authors

ချစ်သူကြားစေ……

ငါနင့်ကိုချစ်ခဲ့တာ
မုန်းဖို့မှမဟုတ်တာပဲ
တကယ်တမ်းအပြစ်ရှိခဲ့တယ်ဆိုရင်တောင်
ဒီ အမိုက်မက ခွင့်လွှတ်အရှုံးပေး
နင့်အတွက် ကျေအေးပေးမဲ့လူပါ……
မာနဆိုတာတွေလည်း
နင်အလည်လာချိန်ထဲကပျောက်ဆုံး
ငါလည်းကျဆုံးခန်းရောက်ခဲ့ပါပြီ……
အယုံမလွယ်ခဲ့ပေမယ့်
နင်ပြောနေကျ ပုံပြင်တွေကိုတော့
ငါ…ယုံစားခဲ့မိတယ်….
ချစ်တယ်…လို့ နင်တဖွဖွပြောခဲ့တဲ့စကားတွေက
ခုတော့ ငါ့ရင်ကို တစစနဲ့ ဆုတ်ဖြဲ..
အတိတ်တွေကအရိပ်လို ငါ့နောက်ကို ကပ်လိုက်နေဆဲမို့
အချစ်ဆုံးရေငါလည်း ချစ်မြဲချစ်ဆဲလို့
နင့်ချစ်သူအနားက နင်….. နားဆင်လှည့်….

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

မာနဆိုတာတွေလည်း
နင်အလည်လာချိန်ထဲကပျောက်ဆုံး
ငါလည်းကျဆုံးခန်းရောက်ခဲ့ပါပြီ……
…ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Dec 31, 2010
Comment #2

ငါနင့်ကိုချစ်ခဲ့တာ
မုန်းဖို့မှမဟုတ်တာပဲ

ဟုတ်တယ်နော်….ချစ်ခဲ.တာ မုန်းဖို.မှ မဟုတ်တာ
အားပေးနေမယ်နော်……..Nyo

commentinfo By:့ homerungirl1 at Dec 31, 2010
Comment #3

ကျူးဇေး ကျူးဇေး…

commentinfo By: nyo at Dec 31, 2010
Comment #4

ကောင်းလှချည်လား ………. မျက်စိစုံမှိတ်ချစ်နေဦးမယ်ဆိုတဲ့ သဘောပေါ့လေ…….. ဒါပေမယ့် တစ်ဖက်လေးတော့ ဖွင့်ထားဖို့ လိုပြီထင်တယ်နော်………. အားပေးနေတယ်ဗျာ……

Comment #5

အားပေးသွားတယ် nyo
ကိုလိပ်ပြာက နောက်နေပြီး

commentinfo By: genius.jinx28 at Dec 31, 2010
Comment #6

ညိုမ ခုမှပေါ်ပြီ ပြောတော့ မေ့ပြီဆို( အချစ်ဆုံးရေငါလည်း ချစ်မြဲချစ်ဆဲလို့
နင့်ချစ်သူအနားက နင်….. နားဆင်လှည့်…) ကဗျာမှာ သဲလွန်စရသွားပြီ

commentinfo By: linn at Dec 31, 2010
Comment #7

တူများ ခံစားနေရတာကိုနောက်ကျတယ် အဟင့်

commentinfo By: nyo at Dec 31, 2010
Comment #8

ငိုနဲ့ တိတ်တိတ်…..
ဆုတောင်းပေးတယ်
(အဲဒီ့လူကြားစေဗျာ…..)

commentinfo By: moehtetaung18 at Dec 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment