Professional Authors

ခွင့်လွှတ်ပါ

မျက်လုံးမှာ မျက်ရည်စတွေနဲ့
သူ ငိုနေတယ်ဆိုတဲ့ အသိက
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို
ခြောက်ခြားပူလောင်သွားတယ် ……

သြော်……… ငါ
ငါ…..ငါ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေနဲ့ပါလား

ဒါပေမယ့် တို့နှစ်ယောက် ကွားခြားလှပါတယ်…..
မင်းရဲ့ မျက်ရည်တွေက ဖြူစင်တဲ့
အပြစ်ကင်း မျက်ရည်ဖြူဖြူလေးတွေပါ…….

ငါ့ရဲ့ မျက်ရည်တွေက
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..

ငါ့အတွက် ………
ထောင်ပေါင်းများစွာသော စာသားတွေထဲက

ရွေးချယ်စရာ စကားတစ်ခွန်းပဲရှိတော့တယ်
အဲဒါကတော့
“ခွင့်လွှတ်ပါ”

ငါ့ရဲ့ မသိတတ်မှုတွေ

တကိုယ်ကောင်းဆန်မှုတွေ

ဥပေက္ခာပြုမှုတွေ

ကိုယ်ချင်းစာတရားမရှိမှုတွေကို ခွင့်လွှတ်ပါ

ခွင့်လွှတ်ပါကွာ

(ဒါက တကယ်တော့ အသုံးမကျတဲ့ စကားတစ်ခွန်းပါဘဲ

ဒါပေမယ့် ငါ့မှာ ရွေးချယ်ရန် စကားလုံးမရှိ)

(31-12-2010)
လိပ်ပြာ

Comment #1

ခွင့်မလွှတ်ဘူးကွာ……….

commentinfo By: moehtetaung18 at Dec 31, 2010
Comment #2

:'( အီး အီးးးးးးးးး ရွှတ်

Comment #3

လုံးဝလုံးဝ….ခွင့်မလွှတ်ဘူး
😛

commentinfo By: အသဲကွဲမိုး at Dec 31, 2010
Comment #4

ငါ့ရဲ့ မျက်ရည်တွေက
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..

ငါ့အတွက် ………
ထောင်ပေါင်းများစွာသော စာသားတွေထဲက

ရွေးချယ်စရာ စကားတစ်ခွန်းပဲရှိတော့တယ်
အဲဒါကတော့
“ခွင့်လွှတ်ပါ”
ကိုလိပ်ပြာ good တယ်ဗျာ… အားပေးသွားတယ်
ကိုလိပ်ပြာသနားပါတယ် ခွင့်လွှတ်ပေးလိုက်ပါဗျာ……..

commentinfo By: genius.jinx28 at Dec 31, 2010
Comment #5

လိပ်ပြာရယ် ကဗျာလေးကအရမ်းကိုကောင်းတယ်…….
ဒီကဗျာလေးက….ခံစားချက်နဲ့ကိုက်တယ်……..
အားပေးတယ်ကွယ်……သူလဲဒီကဗျာလေးမြင်ခဲ့ရင်ကောင်းမယ်………….:P ။ ။

commentinfo By: ကဗျာချစ်သူ at Dec 31, 2010
Comment #6

ငါ့ရဲ့ မသိတတ်မှုတွေ

တကိုယ်ကောင်းဆန်မှုတွေ

ဥပေက္ခာပြုမှုတွေ

ကိုယ်ချင်းစာတရားမရှိမှုတွေကို ခွင့်လွှတ်ပါ အရမ်းမိုက်တယ်

commentinfo By: linn at Dec 31, 2010
Comment #7

အားပေးကြတဲ့ ကိုမိုးထက်၊ အသဲကွဲမိုး၊ ရဲလေး၊ ကဗျာချစ်သူနဲ့ လင်းတို့ကို ကျေးဇူးတင်ပါတယ် ခင်ဗျ…… အားပေးမှုတွေက စိတ်ရဲ့ အဟာရတစ်ပါးမို့ ထပ်ထပ်ပြီး ကြိုးစားနေမယ်နော်

Comment #8

အားပေးမှုက စိတ်ရဲ့အဟာရတစ်ပါးဆို……….
အားပေးမှုရဲ့ အဟာရတစ်ပါးက …ဘာဖြစ်မလဲ….
🙂

commentinfo By: moehtetaung18 at Dec 31, 2010
Comment #9

ဟာဗျာ ဖြေရခက်တဲ့ မေးခွန်းတွေ လာမမေးနဲ့ဗျာ ကိုမိုးထက်ကြီးကလည်း……………

Comment #10

ကို လိပ်ပြာ ကိုမိုးထက် တော့ မ၇တော့ဘူးထင်တယ် တစ်ခုခုတော့ဖြစ်နေပြီး

commentinfo By: genius.jinx28 at Dec 31, 2010
Comment #11

ရဲလေးရေ ကိုမိုးထက်ကြီး ဘာဖြစ်နေလဲ မသိဘူးဟေ့ ငါ့ကို လာမွှေနေတယ်ဟ …………… အီးးး လိမ်လိမ်မာမာ နေနေပါတယ်ဆိုမှ …………

Comment #12

တစ်ခွန်းတည်းမေးတာကို…….
ဒီလောက်လေးတောင် စိတ်မရှည်ကြတော့ဘူးလား
ညီတွေက

commentinfo By: moehtetaung18 at Dec 31, 2010
Comment #13

ဖြေရခက်ကြီးလေ………. ဒါကိုလည်း ထည့်ပြောဦးလေ အစ်ကိုတော်ရဲ့……………….
ဘာပဲပြောပြော ခုလိုလာအားပေးတဲ့ အစ်ကိုတော် မိုးထက်အောင်ရေ နှစ်သစ်မှာ အချစ်စစ်နဲ့ ပျော်ရွှင်ပြီး ခံစားချက်တွေဝေ ကဗျာကောင်းလေးတွေ ရေးနိုင်ပါစေကြောင်း ညီတော် လိပ်ပြာဆုတောင်းလိုက်ပါတယ်ဗျာ………

Comment #14

အဲလို့ပြောမှပဲ မမွှေတော့မှာထင်တယ် ကျွန်တော်လည်းဆုတောင်းပေးတယ်

commentinfo By: genius.jinx28 at Dec 31, 2010
Comment #15

တောင်းတဲ့ ဆုနဲ့ လွဲပါစေဗျာ……
ဟားဟား…..ဒီနေ့ တော့မရဘူး
(မွှေမှာပဲ……)
ပြီရင်…..ရဲလေး နင့်အလှည့်
ကြိုတင်ပြင်ဆင်ထား…………:)

commentinfo By: moehtetaung18 at Dec 31, 2010
Comment #16

ရဲလေးရေ ခံတော့ဟေ့………. ဟားးး ….
အစ်(စ်)……..

Comment #17

ဟားးးးးးးးးးး ညစ်တယ်ဗျို့ ကိုလိပ်ပြာေ၇…
သူအလှည့်ပြီးသွားတော့ ပျော်နေတယ်ပေါ့

commentinfo By: genius.jinx28 at Dec 31, 2010
Comment #18

မင်းရဲ့ မျက်ရည်တွေက ဖြူစင်တဲ့
အပြစ်ကင်း မျက်ရည်ဖြူဖြူလေးတွေပါ…….

ငါ့ရဲ့ မျက်ရည်တွေက
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..

ငါ့အတွက် ………
ထောင်ပေါင်းများစွာသော စာသားတွေထဲက

ရွေးချယ်စရာ စကားတစ်ခွန်းပဲရှိတော့တယ်
အဲဒါကတော့
“ခွင့်လွှတ်ပါ” အရမ်းမိုက်တယ်…ဗျာ..

commentinfo By: terry at Dec 31, 2010
Comment #19

ပျော်စ၇ာကြီးနော် ဘာတွေပြောနေတာလဲမသိဘူး

commentinfo By: nyamoethee at Jan 3, 2011
Comment #20

အချင်းချင်းတော့ဟုတ်နေကြတာပဲ

commentinfo By: waitun at Jan 4, 2011
Comment #21

ခွင့် လွှတ်ပေးပါဆိုတော့ လဲခွင့် လွှတ်ပေးရမှာပေါ့။
ဒါပေမဲ့နောင်တတော့ မရပါနဲ့ ။နောင်တရတယ်ဆိုတာအမှားလုပ်မိလို့ ။
ဘယ်လောက်မှားအောင်ဘဲလုပ်လုပ်ဘယ်တော့ မှနောင်တမရသင့် ဘူး။

commentinfo By: phyuphyu at Jan 5, 2011
Comment #22

ဟုတ်ကဲ့ပါ ခင်ဗျ…………
😛

Comment #23

ခွင်.မလွှတ်သင်.ဘူး
ဒါပေမယ့်………….
ခွင့်မလွှတ်ဘူးလို.လဲမပြောရက်ပါဘူး
အကိုရင်ထဲကခံစားချက်ကို
အကိုပဲသိနိုင်မှာပါ…….
သီတာအကို.ကဗျာတွေကိုအမြဲအားပေးနေတယ်နော်အကို

commentinfo By: homerungirl1 at Jan 6, 2011
Comment #24

lone waa pae’

commentinfo By: moesatlay at Jan 10, 2011
Comment #25

really nice.

commentinfo By: ei lay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment