Professional Authors

အမေများ ရဲ့ နေရာကို ကိုယ့်ချင်းစာနိုင်ပါစေ…

အမေ….
လောကရဲ့ ဓမ္မတာအရ
သေမင်းကို အံတုပြီး
ရဲရင့်မှု အပြည့်နဲ့
သားသ္မီး တို့ကိုမွေးဖွါး
သွေးသားကို နို့ချိုပြောင်း
အားသစ်တွေလောင်းပေးတဲ့အမေ…..
များတကာမတုနိုင်တဲ့
မေတ္တာတွေနဲ့ လွှမ်းခြုံ
ရင်တွင်းမှာ လုံခြုံစေပြီး
လောကရဲ့ အလယ်
မျက်နှာမငယ်စေတဲ့ အမေ…..
အချိန်ယင်
ရင်ကိုစုံကန်ထွက်လည်း
မျက်နှာတစ်ချက်မပျက်
ရင်ထဲပွက်ဆူတာ လူမသိစေ
မချိ ပေမဲ့
အပြုံး မပျက်စေတဲ့ အမေ……
ဆန်ရေကို မမျှော်
စုန်ရေကို ပျော်နေတဲ့ အမေ….
အမေ့သွေးသားတွေနဲ့
ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ
ပျော်နေ ၊ ပြုံးနေယင်
အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင်
အနန္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့
အနန္တပေါင်းအနန္တ ဆိုတာ
အမေ့ မေတ္တာ နဲ့ စာခဲ့ယင်
အသေးအမွှား ပါလား အမေရယ်…….

In: ကဗျာ Posted By: Date: Dec 31, 2010
Comment #1

ကောင်းတယ်…တင်စားပုံလေး

commentinfo By: moehtetaung18 at Dec 31, 2010
Comment #2

အရမ်းကောင်းတယ် မနောဖြူ……….. ကျွန်တော် အမေ့ကို အရမ်းသတိရသွားပြီဗျာ…………..

Leave Comments

Name*

Email*
Website
Email me whenever there is new comment