Professional Authors
နင်…………..၀င်မလာသင့်ဘူး
ပျော်နိုင်ပါ့မလား……..
………………………………
ရေဆန် လေဆန်
(ဘ၀မှာ……)
နေဒဏ် မိုးဒဏ်လည်းခံရမယ်
နင်………
…………………………….
ဝင်မလာသင့်ဘူး……
နေ အကျိုးအပဲ့
လ အစုတ်အပြတ်နဲ့ 
နေကျဲကျဲပူ
နှင်းထူထူကျ
မိုးသည်းသည်းရွာ
(ဟောဒီ့ကောင်ရဲ့ကမ္ဘာ……)
သုံးရာသီဖျားနာမယ်
နင်……..
……………………………
ဝင်မလာသင့်ဘူး……
အိမ်ရှေ့ မှာမိုးစိုမယ်
နောက်ဖေးမှာမိုးယိုတယ်
အပေါစားဖိနပ်နဲ့ 
နင်မတ်တပ်ရပ်ဝံ့ပါ့မလား
တစ်ရာတန်ဘတ်(စ်)နဲ့ 
နင်သွားလာတတ်ပါ့မလား
(ဒီကောင့်ကမ္ဘာဆိုတာ…..)
နင်မကြားဖူးတဲ့အပေါစား ကဗျာတစ်ပုဒ်ပါ
နင်………..
…………………………………………..
ဝင်မလာသင့်ဘူး
ပျော်စမ်းပါ……..
……………………………………..
နင်တို့ ကောင်းကင်မှာ
ရောင်စဉ်တွေတောက်ပနေတာပဲ
တိမ်စွန်တိမ်ဖျားမှာ
သွားချင်ရာသွားလို့ ရတယ်
အစီအရီပွင့်ဖူး
ခူးချင်ရာခူးလို့ ရတယ်
(နင်တို့ ကမ္ဘာမှာ……)
ပန်းလှလှလေးတွေ ပွင့်နေကြတာပဲကောင်မလေးရယ်
ချစ်တယ်………..
…………………………………….
(မတန်မရာပါးစပ်)
လမင်းကိုမြေပေါ်ဆွဲချ
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
နင့်ရင်ခုန်သံလေးတွေတောင် အားနာမိပါရဲ့
တော်ပြီ……
…………………………….
တစ်ခန်းရပ်…….
………………………………………
ငါ့အတွက်နဲ့ တော့…….
………………………………………………
နင်…….
……………………………………………………….
……………………………………………………………….
ကိုယ့်ရင်ဘတ်ကိုယ်သော့ခတ်
မမြင်သာအောင်သိုဝှက်
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
တစ်ချောင်ချောင်မှာပဲ
ပြုံးပြုံးလေး သေနေပေးပါ့မယ်……….
……………………………………………………….
တော်ပြီ……..
…………………………
တစ်ခန်းရပ်……….
……………………………………
ငါ့အတွက်နဲ့ တော့……..
………………………………………….
(ကလေးရယ်…….)
နင်………..
          မ…………….
             လာ……………..
                  သင့်……………….
                        ပါ……………………..
                           ဘူး……………………..
………………………………………………………..
…………………………………………………………………….။                            ။
                                                                                 မိုးထက်အောင်
In: ကဗျာ Posted By: Date: Dec 28, 2010
Comment #1
အင်း…….. မ၀င်လာရတော့ဘူးလားဗျာ……….သနားပါတယ် ၀င်လာခွင့်ပေးလိုက်ပါ။ ပိုက်ဆံလိုရင် ပိုက်ဆံချေးမယ်လေ……… 😛
Comment #2
လိပ်ပြာ……ဒီနေ့ တော်တော်သောင်းကျန်းနေပါလား……
ကိုယ့်အကိုကို ဂလိုပြောစရာလား
commentinfo By: moehtetaung18 at Dec 28, 2010
Comment #3
ပြောတော့ဘူး စိတ်ဆိုးနဲ့ အစ်ကိုမိုးထက်ရာ .. . .ဒါဆို ညီ့ကို ပိုက်ဆံပြန်ချေးနော်….
🙁
Comment #4
သြော်……ဒီနေ့ လိပ်ပြာလေးတော်တော်မြူးတယ်…..
အင်း…..ကောင်မလေးနဲ့ အဆင်ပြေတယ်ထင်ပါ့…….:)
commentinfo By: moehtetaung18 at Dec 28, 2010
Comment #5
ဟားး …….. အဲလို မဟုတ်ရပါဘူးဗျာ…………. ကို့အစ်ကိုကို ခင်လို့နောက်တာပါဗျာ… ဆောင်းပါးလေးရေးနေတော့ ဥာဏ်ရွှင်နေတာမို့လို့ပါ…….. အားပေးဦးနော် ……… ညီအစ်ကို အချင်းချင်း ဝေဖန်ပေးပါဦးဗျာ…………. အားကိုးစရာဆိုလို့ ချစ်ဖို့ကောင်းတဲ့ ဒီအစ်ကိုတစ်ယောက်တည်းရှိတာကို …..
Comment #6
ကိုမိုးဇက်တို့ ကိုဇာတိတို့ ကောဘယ်နားထားမလဲ
အမရွှေငါးလေးကိုကော….ဟမ်…
လိပ်ပြာနင်ငါ့ဆို တော်တော်ဗိုလ်ကျတယ်….:(
commentinfo By: moehtetaung18 at Dec 28, 2010
Comment #7
ချစ်ခြင်းက မတူဘူးလေ ကိုမိုးထက်ရာ ကိုမိုးဇက်တို့ကြတော့ ယောက်ဖလို ချစ်တယ်။ အစ်မရွှေငါးလေးကိုကျတော့ မောင်နှမလို လေးစားချစ်ချစ်တယ်လေဗျာ……………..အဆင်ပြေနေတာလေး စိတ်ဝမ်းကွဲအောင် မလုပ်ပါနဲ့ဗျ…………… 😛
Comment #8
အဲဗျ…..ချစ်တာတောင် စာအုပ်ထုတ်မယ့်ပုံ
လိပ်ပြာနဲ့ ချစ်နည်းတစ်ထောင်ဆိုပြီးလေ…….:)
commentinfo By: moehtetaung18 at Dec 28, 2010
Comment #9
ဒီစာသားလေးတော့ ကြိုက်တယ်ဗျ
( ကိုယ့်ရင်ဘတ်ကိုယ်သော့ခတ်
မမြင်သာအောင်သိုဝှက်
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
တစ်ချောင်ချောင်မှာပဲ
ပြုံးပြုံးလေး သေနေပေးပါ့မယ်………. )
commentinfo By: မင်းခန့်သူ at Dec 28, 2010
Comment #10
ကောင်းတယ် ကိုမိုးထက်အောင်ေ၇….ေ၇စိုမယ်ဆို၇င်လည်း မိုးကာလေး ဘာလေး ၀ယ်ပေးမယ်လေ ဗျာ ခေါ်လိုက်ပါ ကလေးကို
commentinfo By: genius.jinx28 at Dec 28, 2010
Comment #11
ငါ့ညီ.. ကောင်းလိုက်ချင်လားကွ။
ဟုတ်တယ် အဲကောင်တော်တော်မြူးနေတယ် လိပ်ပြာ…. ဧကန္တ ရနံ့ပြယ်နှင်းဆီလေးတော့ သူများနောက်ပါသွားလို့ထင်တယ်….. အဟီးးး
ဘာပြောတယ်ကွ… ယောက်ဖလိုဟုတ်လား… ဘယ်လိုမျိုးလဲ ဖြေရှင်းချက်ပေးစမ်းကောင်လေး….. 🙁
commentinfo By: moezat at Dec 28, 2010
Comment #12
ငါ့ညီ.. ကောင်းလိုက်ချည်လားကွ။
ဟုတ်တယ် အဲကောင်တော်တော်မြူးနေတယ် လိပ်ပြာ…. ဧကန္တ ရနံ့ပြယ်နှင်းဆီလေးတော့ သူများနောက်ပါသွားလို့ထင်တယ်….. အဟီးးး
ဘာပြောတယ်ကွ… ယောက်ဖလိုဟုတ်လား… ဘယ်လိုမျိုးလဲ ဖြေရှင်းချက်ပေးစမ်းကောင်လေး….. 🙁
commentinfo By: moezat at Dec 28, 2010
Comment #13
ကျေူဇူးတင်ပါတယ်ဗျာ….အကိုမင်းခန့် သူရေ…..genius.jinx28 ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ
ခေါ်လိုက်ပါ့မယ်…..:)
အကိုမိုးဇက်ရေ….အဲဒီ့လိပ်ပြာတစ်မနက်လုံးကျွန်တော့်ကိုမွှေနေတာဗျ……
commentinfo By: moehtetaung18 at Dec 28, 2010
Comment #14
ဟီးး ကိုကြီးမိုးဇက်ကလည်း အစ်ကို့ကို ခင်လွန်းအားကြီးလို့ အစ်မပေးပြီး ယောက်ဖတော်ချင်တယ်လို့ ပြောတာပါဗျာ… လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့စကားအတိုင်း အစ်မတွေလည်း သူများယူလို့ကုန်ပြီဆိုတော့ လိပ်ပြာအနစ်နာခံပြီး အစ်ကို့ဆီက ………… ပြောတော့ဘူးဗျာ ရှက်လာပြီ….. ဟီးး ယောက်ဖကြီး သဘောပေါက်ပါတယ်…….
Comment #15
အေးပါကွာ… အလျှောက်ကောင်းတော့ အထောင်းသက်သာသွားတာပေါ့ အဟီးးးးးးးးး
commentinfo By: moezat at Dec 28, 2010
Comment #16
ကျွန် တော် နဲ့ ခံ စား ချက် ချင်း တိုက် ဆိုင် ပြီး…….. အရမ်း ကောင်း တဲံ ကဗျာ လေး မို့ fb မှာ share လိုက် ပြီ
commentinfo By: Demon 13 at Dec 28, 2010
Comment #17
စာသားတွေက တော်တော်မိုက်တယ်ဗျ လေးစားပါတယ်ဗျာ……..
commentinfo By: မုဆိုး at Dec 28, 2010
Comment #18
လှိုက်လှိုက်လှဲလှဲအားပေးတဲ့ ကိုဇာတိ…ကျေးဇူးပါဗျာ….:)
တိုက်ဆိုင်သွားတဲ့ကို13…ကျေးဇူးပါ ရပါတယ်ဗျာ….
အးပေးသွားတဲ့အကိုမုဆိုး….ကျေးဇူးတင်ပါတယ်ခင်ဗျာ
commentinfo By: moehtetaung18 at Dec 29, 2010
Comment #19
p yaw,,,,
pyan dot me….
tat tar,,,,bye bye,,,,
lone wa lar pyan ma khaw ne naw.
hint,,,,
thu myar ko maung htoke de,’
he,,he,,,
commentinfo By: ei lay at Aug 24, 2011
Comment #20
ကြိုက်လွန်းသောကဗျာ …ကူးလိုကိပါပြီဗျာ
commentinfo By: နိုးဆက် at Feb 23, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment