Professional Authors

ဘာမှမဆိုင်တော့ပေမယ့်………

ဘာမှမဆိုင်တော့ပေမယ့်
အခန်းပြင်ရောက်ရင် သူရှိမယ့်အထပ်ဆီ မျှော်ကြည့်မိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
မနက်ဆိုသူလာစောင့်နေမလား ရှာနေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
ညနေဆိုသူလိုက်ပို့မလား စောင့်နေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
ဒီတစ်ပတ်ဘယ်ကားရုံတင်လဲ ကြည့်နေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
မိုးတွေရွာရင် ထီးမိုးပေးမယ့်သူဘေးမှာရှိတယ်လို့ ထင်နေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
သူမကြိုက်တာတွေမလုပ်မိအောင် ဆင်ခြင်နေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ်
သူအဆင်ပြေရဲ့လား အချိန်နဲ့အမျှတွေးနေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
သူသတိရနေမယ်လို့ ယုံကြည်နေတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

ဘာမှမဆိုင်ပင်မဲ့ ဆိုင်နေတုန်းလို့  စိတ်က သတ်မှတ်ပြီး ခံစားနေရတာတွေ အေးချမ်းပါစေ မေရေ….။ အားပေးသွားတယ်နော် ..။

commentinfo By: နှောင်းလူ at Dec 23, 2010
Comment #2

ကောင်းပါတယ်ဗျာ . . . မကောင်းတဲ့ ခံစားချက်တွေ မနှေးအမြန် ကွယ်ပျောက်ပါစေဗျာ……… အမြဲအားပေးနေတယ်ဗျာ။

Comment #3

ဘာမှမဆိုင်တော့ပေမယ်
သူအဆင်ပြေရဲ့လား အချိန်နဲ့အမျှတွေးနေမိတုန်း။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

ဘာမှမဆိုင်တော့ပေမယ့်
…………………………………။

အရမ်းကောင်းပါတယ်မေရေ………………

commentinfo By: moehtetaung18 at Dec 23, 2010
Comment #4

ကောင်းတယ် မေ ၊အားပေးသွားတယ် ၊ ဘာမှ မဆိုင်တော့ပေမယ့် မေ ၇ဲ့စိတ်ထဲက တော့ဆိုင်နေတုန်းပါပဲ ….
အ၇မ်းကောင်းပါတယ် မေ..

commentinfo By: genius.jinx28 at Dec 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment