Professional Authors

ဈေးဦး မပေါက်တဲ့ ဈေးသည်

ဈေးဦး မပေါက်တဲ့ ဈေးသည်
———————————-
ကံခေတယ်..အပြန်တစ်ရာတောင် မကဘူး
စုံဆန်ကာ ဇုန်ကန်မျောတောင် လိုက်လို့မမှီ
တကတည်း ရီဖြဲဖို့တောင် အားမရှိတယ်..
ငါ့အဖြစ်…အဟော အဖြစ်တောင် မနိုင်
ဗေဒင်ဆရာ လက်မြှောက်ရပါဘိ..
ခေလှတဲ့ ဒီဇာတာ…၀ါ ကျွတ်ရင် စွံတော့မယ်
စွဲမြဲလို့သာ မှတ်ယူလို့..စောင့်ဆိုင်းကာနေရတယ်..
မိန်းကလေးမြင် ဆံတသသ ဟန်ပြတာ အခါခါ မရှက်နိုင်ပါ….
ဘယ်စွန်ရယ် ငါ့ကို ဆွဲမလဲ..သြော်..လာစမ်းပါ…ရောင်းဈေးပေးပါ့မယ်…
အော်လို့ သာ ရောင်းလိုက်ချင်သပ…
ဈေးရွက်သယ်လို လမ်းလည်ခေါင် ထိုင်လို့
ချိတ်ဆွဲထားတယ် ငါ့ရင်မှာ “အထူးလျှော့ဈေး” ပါ..
တစ်ရက်လာရေမွှေးဖြန်း….မထူးမပါးတဲ့ တီရှပ်အောက်က
မဲပြာရောင်ကာလာစွဲတဲ့ ငါ့အသားညိုနွမ်းလေးမို့
ရောင်ရမ်းတောင် လာမနမ်း …
တကယ်ဖြစ်စမ်းချင်သပ အတွင်းစိတ်ရယ် အမှန်ဖြူလှပါတယ်..
မငြူစူစမ်းပါနဲ့ ကြည်ဖြူစွာ တကယ်ယူစမ်းပါလို့
ချော်လဲ ရောထိုင်လုပ်ရတယ်…ဂေါ်မစွံလူပျိုဘဝ
ကျွတ်ဖို့ ရာ အခါခါပြင်ပေဦးတော့
ကျိတ်မှိတ်ရတယ်..ငါ့ခင်ဗျာ….
ဒီတစ်ခါ ကြင်ရာတွေ့ရင်ဖြင့်
ဟန်မဆောင် မှန်ဘောင်တောင် မထောင်တော့ဘူး..
ဂိတ်ဆုံးသာ ဂီယာတင်လို့….အပြေးသာ ငါ အောင်းပါတော့မယ်…
ဖြစ်ချင်ရာဖြစ်ပါစေ….အပြစ်တင်စရာ မဖြစ်စေဖို့
စွတ်စရာ ရေမွှေးလက်ကျန် ဒါ အကုန်ပါပဲ….
ကျွတ်စရာ လူပျိုဘ၀သာ ကျန်တော့တယ်…
ကဲ….အားမွေးလိုက်စမ်း.ကွယ်…
(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Dec 20, 2010
Comment #1

ကောင်းလိုက်တဲ့ကဗျာ ရေသည်ပြဇာတ်ထင်လို့ဖတ်နေတာ ဟဲဟဲ..good

commentinfo By: မုဆိုး at Dec 20, 2010
Comment #2

he,,he,,
lol,,,
really really nice & funny.

commentinfo By: ei lay at Feb 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment