Professional Authors

ပြန်မလာနဲ့

နင်ပြောခဲ့တာပဲ

ဘယ်တော့မှမမုန်းပါနဲ့တဲ့

တကယ်ကပြောစရာမလိုတဲ့စကားပါ

ငါနင့်ကိုခေါင်းညိတ်ခဲ့တာ

အချစ်တစ်ခုတည်းနဲ့ပါ

 

နင်ပြင်ပြောပြန်တယ်

မုန်းလိုက်ပါတော့နော်တဲ့

ငါဘာလုပ်ရမှာလဲ

ငါ့အချစ်တွေကို ဘယ်နားသွားထားရမှာလဲ

နင်ကတော့ နင့်အချစ်တွေကို

နင့်ဂုဏ်သိက္ခာနဲ့လဲလိုက်တာကိုး

အချစ်တစ်ခုတည်းနဲ့ပဲ

နင့်ကိုငါခေါင်းညိတ်ခဲ့တာပါ

အချစ်တစ်ခုတည်းရှိလို့ပဲ

နင်ငါ့ကိုထားသွားပြီလေ

 

ဘာတဲ့

လူပဲအနားမရှိနိုင်တော့တာ

ကျန်တာကမပြောင်းလဲဘူးတဲ့လား

မပြောင်းမလဲငါ့ကိုချစ်နေမယ်ဆိုရင်

နင့်ဘေးကတစ်ယောက်ကိုဘယ်လိုလုပ်မလဲ

ငါကပိုင်ရှင်ရှိတဲ့သူကိုတမ်းတနေရမှာလား

 

နင့်အသစ်တစ်ယောက်လို

လိုချင်တာရအောင်

မသမာတဲ့နည်းသုံးဖို့နေနေသာသာ

နင့်ကိုယောင်ပြီးသတိရမိရင်တောင်

ငါ့ကိုယ်ငါရွံလွန်းလို့

ငါ့အချစ်တွေကိုငါကိုယ်တိုင်

အပြီးတိုင်ဖျက်စီးလိုက်ပြီ

 

 

In: ကဗျာ Posted By: Date: Dec 20, 2010
Comment #1

အချစ်တစ်ခုတည်းနဲ့ပဲ
နင့်ကိုငါခေါင်းညိတ်ခဲ့တာပါ
အချစ်တစ်ခုတည်းရှိလို့ပဲ
နင်ငါ့ကိုထားသွားပြီလေ……….
အရမ်းကောင်းပါတယ် မေ…..ဒီအဗျာလေးကို ကြိုက်တယ်
တချို့လူတွေက မေ့ ကဗျာ ထဲက အတိုင်းပဲ………..။

commentinfo By: ကေသရီ at Dec 20, 2010
Comment #2

ကောင်းတယ် ဗျာ… ဟုတ်တယ် တစ်ချို့လူတွေ အဲလို့ပဲလေ နားလည်းပါး၇ိုက်တာပါ ဟုတ်တယ် မဟုတ်လား

commentinfo By: genius.jinx28 at Dec 20, 2010
Comment #3

နင့်အသစ်တစ်ယောက်လို

လိုချင်တာရအောင်

မသမာတဲ့နည်းသုံးဖို့နေနေသာသာ

နင့်ကိုယောင်ပြီးသတိရမိရင်တောင်

ငါ့ကိုယ်ငါရွံလွန်းလို့

ငါ့အချစ်တွေကိုငါကိုယ်တိုင်

အပြီးတိုင်ဖျက်စီးလိုက်ပြီ

commentinfo By: နရီထက် at Dec 20, 2010
Comment #4

ဒါတော့ ဒီလို ပြောလို့မရဘူးလို့ ထင်တယ်။ မမြင်နိုင်တဲ့ အကြောင်းအရာ ကြားထဲမှာ ရှိနေဦးမှာပါ…
ကဗျာလေးက ကောင်းပါတယ်… အားပေးနေတယ်ဗျာ

Comment #5

ကဗျာလေးအရမ်းကောင်းပါတယ်အစ်မ မေရေ….
အားပေးနေပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Dec 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment