Professional Authors

ကျားကွက် ကစားသူများ

“ကျားကွက် ကစားသူများ”

အဖြူ နဲ့ အမည်း
နှစ်ကွက်ထဲပဲ။

တစ်ကွက်ချင်း ခပ်မြန်မြန် ခပ်သွက်သွက်ခုန်
တစ်ကွက်ကျော် step by step ခုန်
အတိုးအနှုတ်တော့ သေချာဖို့ လိုတယ်။

သူများအိမ်ကို ၀င်ဖို့
ကိုယ့်အိမ်ကနေတော့
စနစ်တကျ ထွက်ရမယ်။

ထွက်ပြီးရင်တော့
ဘယ်ခါမှ
နောက်ပြန် လှည့်မကြည်နဲ့ပေါ့။

သူ့မာယာ ကိုယ်လည်းသိ
ကိုယ့်မာယာ သူလည်းသိတဲ့
ကျားပွဲတွေ
ရင်ခုန်ဖို့တော့ ကောင်းဆဲပဲ။

ဂျွန်မိုးအိမ်
၁၅ ဒီဇင်ဘာ ၂၀၁၀

In: ကဗျာ Posted By: Date: Dec 15, 2010
Comment #1

ဟုတ်တယ် ကိုမိုးအိမ်ရေ

ထွက်ပြီးရင်တော့
ဘယ်ခါမှ
နောက်ပြန် လှည့်မကြည်နဲ့ပေါ့။

အဲဒီ အပိုဒ်လေးတော့ တော်တော်သဘောကျတယ်… ဘုရင်(king)ဖြစ်မှ ပြန်လှည့်ရမှာ
တော်တော်ကောင်းတဲ့ ကဗျာလေးပါ

commentinfo By: Lazy Poet at Dec 15, 2010
Comment #2

အနှစ်ရှိတယ် … ကောင်းတယ်ဗျို့ … အားပေးနေတယ်

Comment #3

10Q နော်.. ချီးကျူးပေးတဲ့အတွက်..
but
Ms JohnMoeEain ဆိုရင် ပိုကောင်းမယ်နော်.. 😛

commentinfo By: John Moe Eain at Dec 16, 2010
Comment #4

nice poem :atb;

commentinfo By: Mikyae at Dec 16, 2010
Comment #5

sry နော် John Moe Eain . အနော် အခေါ်ဝေါ်မှားရင်တောင်းပန်ပါတယ်…
ကဗျာလေး ကို စိတ်ရောက်သွားလို့ပါ

commentinfo By: Lazy Poet at Dec 16, 2010
Comment #6

ကောင်းတယ် ဂျွန်မိုးအိမ်ရေ အားပေးတယ်နော် …..

commentinfo By: နှောင်းလူ at Dec 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment