Professional Authors

“လေတံခွန်”

“လေတံခွန်”

လေအစုန်မှာ

လေဟုန်စီးရင်း

တစ်လွင့်လွင့်တက်

ငါ…

မိုးတိမ်တွေပေါ်

ခိုစီးပါရစေသား…..။

ရစ်ဘီးမှာ

နှောင်ငင်တွယ်

ကြိုးရယ်တင်းပြန်တော့

ကမ္ဘာမြေပေါ်

ဦးခိုက်တစ်ဖန်

ငါ…..

အကျဉ်းတစ်ခါ စံ

သို့ပေမယ့်

စိတ်အတွေးဟာ

လွတ်လပ်ရပါစေသား…..။


တကယ်တော့ ဘ၀ဆိုတာလည်း လေတံခွန် တစ်စင်းလိုပါပဲ…..။ ဟိုး အဝေးဆီမှာပဲ အိပ်မက်တွေကို ရွာချရင်း ကျွန်တော် နေသားကျအောင် ကြိုးစားခဲ့တယ်….။ ဒါပေမယ့်လည်း ပင်ကိုယ်အားနည်းတဲ့စိတ်က တစ်ခါ တစ်ခါတော့လည်း ရှုံးပါတယ်….။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တော့ ထ ရမှာပဲလေ…။

 

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

စိတ်အတွေးကတော့ အမြဲပဲ လွတ်လပ်ပါတယ် လေတံခွန်လေးရေ …

commentinfo By: harry at Jun 18, 2010
Comment #2

မှန်တာပေါ့ဗျာ ဘယ်လိုပဲဖြစ်ဖြစ် ပြန်တော့ ထရဦးမှာပဲ

commentinfo By: ဖားကောင် at Jun 19, 2010
Comment #3

လေတံခွန်လေးကို လွှတ်သွားပါတယ်
အဲ အားပေးသွားပါတယ်

commentinfo By: ဇင်ယော် at Nov 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment