Professional Authors

ဈာပန

    မျဉ်းဖြောင့် တစ်ကြောင်းလို
    မျဉ်းကွေး တစ်ကြောင်းလို
    ပြတ်ရွေ့  ကြောင်းထဲမှာ ချောက်ထဲမှာ
    လှိုင်းတွန့်  မြေထုလို တွန်ခေါက်
    နောက်ပြီး ကျိုးကြေ သွားမဲ့ သစ်ရွက်ခြောက်လို
    ပုံဖော်မရတော့တဲ့ အခါ
    မြေမှုန်များ အဖြစ်သာ မြေဆီလွှာများ အဖြစ်သာ
    ဒီလိုတော့လဲ မဟုတ်ဘူး
    ပွန်းပဲ့ သွားခဲ့ဖူးတဲ့ သစ္စာတရား တွေရယ်
    အသံလုံတဲ့ အိုးလေး တစ်လုံးရယ်
    ပိတ်လှောင် မွန်းကျပ်နေတဲ့ ရာသီကပ်ဆိုး ထဲ
    လောကဓံ အထုပ်အပိုး ထမ်းထားရသလို
    လေးလံ စိုထိုင်းမှု ဟာ
    ကိုယ်ထည် တခု လုံးကို စိုထိုင်းဆ နဲ့ သိပ်သည်းလို့
    အလင်းရောင် မရှိဘူး
    ခြေလှမ်းတွေရဲ့ အတိုင်းအဆအတိုင်း
    သေဆုံး ပြီး ဖြစ်တဲ့ အကြောင်း
    နားထဲမှာေ၀၀ါး ပုံရိပ်တွေထဲမှာ
    မာယာတွေ မျှားခေါ်ရာ ..မာယာ တွေ ထူပြောရာ
    အသိစိတ် တစ်စုံတစ်ရာ
    မှားယွင်း ခေါ်ဆိုရာ …မှားယွင်းမှု တွေရဲ့ နေရာ
    အဲဒီနေရာ ဟုတ်တယ်…
    ချစ်ခြင်းတရား တွေ သီးပွင့် ခဲ့ပုံ
    လောင်မြိုက် မီးလျှံတွေရဲ့ ကျွမ်းစေခဲ့ပုံ
    အနီး အဝေး အနှေး ပြကွက်
    နောက်…..ပြကွက်တွေရဲ့ အဆုံးမှာ
    ကိုယ့် အလောင်း ကို ကိုယ်တိုင်ကောက်လို့
    ပြန်လာခဲ့တယ်…….
    ပြန်လာရတယ်……….။

    မိုးသစ်ညို

 

မိုးသစ်ညို (မြန်မာ ကျူးပစ်)

http://kabyartawoake.webnode.com

In: ကဗျာ Posted By: Date: Dec 11, 2010
Comment #1

မာယာတွေ မျှားခေါ်ရာ ..မာယာ တွေ ထူပြောရာ
အသိစိတ် တစ်စုံတစ်ရာ
မှားယွင်း ခေါ်ဆိုရာ …မှားယွင်းမှု တွေရဲ့ နေရာ
အဲဒီနေရာ ဟုတ်တယ်…
ချစ်ခြင်းတရား တွေ သီးပွင့် ခဲ့ပုံ
လောင်မြိုက် မီးလျှံတွေရဲ့ ကျွမ်းစေခဲ့ပုံ
အနီး အဝေး အနှေး ပြကွက်
နောက်…..ပြကွက်တွေရဲ့ အဆုံးမှာ
…………………………………
………………………………..
………………………………
ကို မိုးသစ်ညိုရေ အားပေးနေပါတယ်

commentinfo By: နှောင်းလူ at Dec 11, 2010
Comment #2

ချစ်ခြင်းဈာပန …။

commentinfo By: နတ်သမီး at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment