Professional Authors

ငါ့အကျင့်ဆိုး………….

အလွမ်းက ဆိုးရွားလို့ ပြေရာပြေကြောင်း….
အခြားတစ်ယောက်နဲ့ ဖြေဖျောက်မယ်တဲ့…..
ငါ့နားနဲ့ကြား ငါ့မျက်လုံးနဲ့ မြင်ခဲ့တာတောင်
အသုံးမကျတဲ့ ငါ့ဦးနှောက်က
နင့်ထံမှ တစ်ပါး တခြားကို မသွားလိုဘူးလေ………။

သစ္စာ ဆိုတာ နင့်အတွက် မေ့လို့ကောင်းတဲ့ အကြောင်းအရာတစ်ခုပါ
ဒီလိုမျိုးနဲ့ ငါဖြေသိမ့်…………..လွယ်လွယ်နည်းနဲ့တော့
ငါမေ့မရဘူးဟာ………။

တူညီရာ တူညီကြောင်း တန်ပြန်မှုတွေ ငါမမွေးဖွားရက်
( ငါ့ရဲ့အချစ်က အသစ်မှ မရှိနိုင်တော့ဘဲ)
အချစ်စစ်မသိတဲ့နင်ကတော့
ဝဋ်ကြွေးကိုမကြောက် …….
နင့်ရဲ့အသစ်တွေနဲ့ မော်ကြွားနေတုန်း………
ပျော်မဆုံးနေတုန်း…………..ပြီးတော့ …..ရစ်မူးနေတုန်း………။….။

နင်မသိလို့ပဲ ဖြစ်ဖြစ် နင်မချစ်လို့ပဲဖြစ်ဖြစ်…..
နင့်ကိုချစ်တဲ့ ငါ့ခံစားချက်ကတော့….
မှားယွင်းခြင်းတွေနဲ့…….ရောနှော
ပြင်မရတဲ့ ငါ့အကျင့်ဆိုးက နင့်ကို လွမ်းနေသေးတယ်တဲ့…….။

In: ကဗျာ Posted By: Date: Dec 10, 2010
Comment #1

ကောင်းတယ် ကေသရီရေ………:)

commentinfo By: နှောင်းလူ at Dec 10, 2010
Comment #2

အရမ်းကောင်းတာပဲ….

commentinfo By: မေ at Dec 10, 2010
Comment #3

နင်မသိလို့ပဲ ဖြစ်ဖြစ် နင်မချစ်လို့ပဲဖြစ်ဖြစ်…..
နင့်ကိုချစ်တဲ့ ငါ့ခံစားချက်ကတော့….
မှားယွင်းခြင်းတွေနဲ့…….ရောနှော
ပြင်မရတဲ့ ငါ့အကျင့်ဆိုးက နင့်ကို လွမ်းနေသေးတယ်တဲ့…….။

လွမ်းစရာကောင်းတယ်ဗျာ။။။။

commentinfo By: moezat at Dec 10, 2010
Comment #4

အင်း
ကဗျာနဲ့ တထပ်တည်း ခံစားဖူးပါ၏။
ကျွန်တော် LIKE ၏၊ 🙂

Comment #5

မလွမ်းလောက်ပါဘူး…………….
မလွမ်းသင့်တော့ဘူးးးးးးးးးးးးးးးးးးးးးးး

commentinfo By: Zin Zinn at Dec 23, 2010
Comment #6

အရမ်းကြိုက်တယ် ကေသရီရေ..

ကေ့အီးမေးလ်ရနိုင်မလား..

commentinfo By: HORIZON at Dec 29, 2010
Comment #7

နင်မသိလို့ပဲ ဖြစ်ဖြစ် နင်မချစ်လို့ပဲဖြစ်ဖြစ်…..
နင့်ကိုချစ်တဲ့ ငါ့ခံစားချက်ကတော့….
မှားယွင်းခြင်းတွေနဲ့…….ရောနှော
ပြင်မရတဲ့ ငါ့အကျင့်ဆိုးက နင့်ကို လွမ်းနေသေးတယ်တဲ့…….။

commentinfo By: အသဲကွဲမိုး at Feb 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment