Professional Authors

အနာဂတ်လူအတွက်

အကြာကြီးထိုင်ပြီး

ခဏကလေးဖတ်ရတဲ့

မေးခွန်းစာရွက်တစ်ရွက်လို

အဟြနွမ်းတောက်ရောင်နေ့တွေမှာ

ငါ့ အကိုင်းအခက်တွေ

ခြောက်ကပ်နေရဲ့။

 

“သတ္တမမြောက်မျက်မမြင်”

ငါဟာအချစ်ကို

ချော့မြူပွတ်သပ်ကြည့်တယ်။

 

တစ်ခါတစ်လေ

ကဗျာတစ်ပုဒ်လိုလိုနဲ့

တစ်ခါတစ်လေ

ကြိုးမိန့်ချစာဆန်နေတတ်တဲ့အချစ်က

 

မြို့ပြရဲ့

မီးထိန်တဲ့လမ်းမတွေပေါ်မှာ

လူစည်တဲ့ပလက်ဖောင်းပေါ်မှာ

ကြွေအံဝိုင်းတွေထဲမှာ

ကိန်းဂဏန်းငွေတို့ရဲ့ရနံ့စူးစူးတွေဆီမှာသာ

ရနိုင်တဲ့အကြောင်း

 

နကန်း တစ်လုံးမှမသိသူ

ငါ့ကိုငါဆူပူကြိမ်းမောင်းရင်း

ပွဲခင်းထဲက

တစ်လိမ့်ကောက်ကွေး

ကိုယ့်ကိုကိုယ်

ပြန်ချွေချလိုက်တယ်။

 

ဟင်း………….

မင်းမှာ

ကွဲရဲတဲ့အသည်း

ဘယ်နှတွဲလောက်ပါသလဲလို့……။

In: ကဗျာ Posted By: Date: Dec 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment