Professional Authors

ထားဝယ်ညမွှေး ဘ၀လေး

ကောင်းကင်တစ်ခွင် ထုံးကျောက်ဆင်နှင့်

ရွာပြန်ဖက်ဆွတ် ဒီမိုးညွှတ်ရာ

ပန်းထားဝယ်မှိုင်း ခြံစည်းဝိုင်းတွင်

မွှေ့ယမ်းလေအောက် ယိမ်းနွဲ့မှောက်ကာ

ရွှံ့ ညွှန်မြေ၀ယ် အလှပျယ်ပြီ

 

ကိုယ့်နှလုံးသား အုံ့မှိုင်းကြားတွင်

မျက်ရည်ရယ်မိုး ရွာစွေဖြိုးလို့

သောကပက်ဖျန်း စိတ်အိုက်နွမ်းမှာ

လောကဓံအောက် စန်းလဂ်ပျောက်ကာ

ပန်းတုံးတိုင်ဝယ် မော်ကွန်းပျယ်ပြီ

ညတာရှည်လွန်း လပြည့်ဝန်းနှင့်

ဒွန်တွဲသုန်ရူး လေပြည်မြူးက

ချီပင့်ဆောင်ကြုံ ဂန္ဓာရုံဝယ်

ထုံသင်းပျံ့ ၀ှမ်း ညမွှေးပန်းလည်း

မိုးသောက်နေထွက် ရနံ့ပျက်ပြီ

 

လသာခန်းဆောင် မှန်မီးရောင်တွင်

ဖက်ဖူးရောင်ကြွ လိမ်းကျံသသော

ဖဲကတ္တီပါ ညမွေ့ယာဝယ်

ရွှေပေါ်မြတင် မက်လွန်းချင်သည့်

မေတ္တာအိပ်မက် နိုးလန့်ပျက်ပြီ


In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment