Professional Authors

သြတ္တပ္ပ

“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”
ကို
သိမှတ်ထောက်ရှု ဆင်ခြင်ပြုလျှက်
နောင်တနှင့်ယှဉ် ကြိုးစားပြင်လော့ …..

သံဝေဂတရား စိတ်နှလုံးသား၌
“မသာ” တစ်ခု အရင်းပြု၍
လူ့ဓမ္မတရား အကျိုးများကို
အသက်တာနှင့်ယှဉ် သတိလျင်ကာ
စရိုက်ခေတ်ဆိုး အမျိုးမျိုးမှ
ရုန်းထွက်လွတ်မြောက် ဥာဏ်နှင့်ဖောက်၍
ကြိုတင်အသက်တာ ပြင်ဆင်ပါလော့ …..

ဖွားသောနေ့ထက် သေနေ့မြတ်ဖို့
ကောင်းသောအသရေ မွှေးကြိုင်လေသော်
လူလူချင်းကြား နှစ်သက်များ၍
ပူပင်မရှိ ကျေးဇူးအသိနှင့်
ပြင်ဆင်အသက်တာ သေချာစွာလျှင်
အာမခံချက် ရယူတတ်လော့ …..

နှစ်ပေါင်းထောင်ကြာ သမ္မာကျမ်းစာထဲ
ခဲယဉ်းဖောက်ပြား အကြောင်းတရားကို
ဗျာဒိတ်ရေးသား ဖော်ပြထားသည်
ယနေ့အနာဂတ် နှစ်ဖြာဘက်တွင်
ပြည့်စုံနေဆဲ ဒုက္ခ၀ဲမှ
ဝိညာဉ်တော်အမှု လစ်လျူရှု၍
လောကီတပ်မက် ယုံကြည်ချက်ဖြင့်
မှီဝဲဆည်းကပ် မိုက်မှားဖက်လျှင်
ယုံကြည်တရား စွန့်ပယ်ငြား၍
မုသားပြောဆို လှည့်စားလိုသော်
နောက်ဆုံးတစ်နေ့ ကိုယ်တော်ရှေ့ဝယ်
ဝိညာဉ်တော်ကား သြတ္တပ္ပအား
သံပူခတ်နှိပ် ပါးစပ်ပိတ်မည် …..

ထို့ကြောင့် ကြင်သူ မိတ်ဆွေဟူသည်
ယနေ့မှစ ရှက်ကြောက်တရား
ဤနှစ်ပါးအား ခါးဝတ်ပမာ
မြဲမြံစွာလျှင် ကျင့်ကြံကြိုးစား
အားထုတ်ထားလျက်
ပရဒိသုခေါ် ကောင်းကင်ဘုံဝယ်
ကောင်းချီးဘဏ္ဍာ မြုပ်နှံပါလော့ …..

In: ကဗျာ Posted By: Date: Nov 29, 2010
Comment #1

တဆိတ်မေးပါရစေ
အစ်မ မိဿမင်းသမီးက ဘယ်ဘာသာ ကိုးကွယ်တာလည်းဟင်…
သိချင်ယုံပါ

commentinfo By: ကိုဇင် at Nov 29, 2010
Comment #2

ဗုဒ် ခရစ် ပါရှင် ….. 🙂

commentinfo By: မိဿမင်းသမီး at Nov 29, 2010
Comment #3

သေရော…

commentinfo By: ကိုဇင် at Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment