Professional Authors

မ ကျွန်တော်တောင်ပံမပါတဲ့ရင်ခွင်တစ်စုံနဲ့
မနာမည်ကိုတိုးတိုးလေးရွတ်ညည်းဘူးတယ်

မ ကျွန်တော်အစာအိမ်မပါတဲ့သတ္တဝါတစ်ကောင်ရဲ့
ပြီးပြည့်စုံခြင်းနဲ့ မကိုရသမြောက်အောင်လွမ်းဘူးတယ်

မ  စံတော်တွေချိန်လွန်းတဲ့နာရီတစ်လုံးရဲ့ကာရန်နဲ့ ကမ္ဘာတစ်ခြမ်းမှာ
ရှိနေတဲ့ အိမ်မက်နတ်သမီးငယ်ကို ရေချိန်မမှန်ပဲခိုးနမ်းဘူးတယ်

မ  အသာအယာလေးပဲကို့မျက်ရည်ကိုမျက်လုံးထဲပြန်ထဲ့လို့
မကိုလွမ်းလို့ငိုစရာကျန်အောင်မျက်ရည်စုခဲ့ဘူးတယ်

မ နဲ့ကျွန်တော် သံယံဇာတဖြစ်အောင်ချစ်ကြတဲ့နောက်ကွယ်ရဲ့
အခြားတစ်ဖက်မှာ ယုံကြည်မူကိုရိုက်ချိုးမဲ့ ကြည်း၊ရေ၊လေ သုံးတပ်ရှိနေမှာကို
မဟားတရားကြောက်တယ်မရယ်

အခုလျှံကျလာတဲ့အချစ်တွေကိုနောက်ဘဝဆယ်သတ်သုံးလို့ရအောင်
လိပ်ပြာအိတ်နဲ့ထဲ့စုထားမယ်

အစိမ်းသတ်သတ်ကိုပဲပြောရဆိုရခက်အောင် ရင်ဘတ်က
မအကြောင်းတွေးတိုင်း မီးပူတိုက်နေတော့ ငုတ်တုတ်ကြီးပဲ
ကြယ်ပါကြွေတယ်ကွယ်

In: ကဗျာ Posted By: Date: Nov 21, 2010
Comment #1

mike de kwar,,
lone wa lan de,
ha,,ha,,
😛

commentinfo By: ei lay at Jun 14, 2012
Comment #2

Really touching

commentinfo By: ei lay at Jul 30, 2012
Comment #3

super like

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment