Professional Authors

ပျော်ခဲ့ဘူးသောနေ့ရက်များ

ခင် ခဲ့လေရဲ့
ပေါင်းခဲ့ကြလေရဲ့
ညီညွတ်စွာ နဲ့ပေါ့
တစ်ယောက်က စောရင်
တစ်ယောက်ကို စောင့်နဲ့
ထမင်း တောင် အတူစားရမှ
ကျေနပ် လေရဲ့
တချိန်က မဟုတ်တောင်
မကြာသေးခင်ကပဲ ပေါ့
မင်း တို့ ငါတို့ နဲ့
စကားနာ တွေ ထိုးခဲ့ကြတယ်
စကားနပန်းတွေ သတ်ခဲ့ကြတယ်
စကားsmack down တွေ ချခဲ့ကြတယ်
သို့ပေမယ့် တစ်ယောက်နဲ့တစ်ယောက်
အမုန်းများကင်းလျှက်ပေါ့
လမ်းတွေ အတူတူ လျှောက်ခဲ့ကြတယ်
အော် ကြီးဟစ်ကျယ်နဲ့ပေါ့
သူများတွေ လည်းအနှောက်အယှက်ကင်းအောင်ပေါ့
ဆရာတွေကို လည်းနောက်ခဲ့ကြတယ်
မေးခွန်းတွေနဲ့ပေါ့
ရိုသေမှုလဲ မပစ်ပယ်ခဲ့ဘူးပေါ့
တို့လျှောက် ခဲ့တဲ့ လမ်း တွေ မများတောင်မှ
မသွားခဲ့တဲ့ နေရာမရှိဘူးပေါ့
တို့ကျောင်းနယ်တကြောမှာပေါ့
အိမ်က နေပိုက်ဆံတွေ လိမ်တောင်းကြ
အဟဲ ကန်တင်းဖိုးပေါ့
အတန်းတွေကို လည်း
တို့တတွေ စနစ် တကျ
လစ်ခဲ့ကြသေးတယ်
ကျောင်းအလွန် က ဈေးပေါလှတဲ့
ပါရမီ ၀န်ထမ်းသက်သာက
အ၀စားဆိုင်လေးက
နောက်ဆို ငါတို့ကို မျှော်နေရော့မယ်
တစ်နှစ် နှစ်ခါရှိ တဲ့ စာမေးပွဲ တွေ ကို
ဖြေရင်း တို့တတွေ
ခွဲ ရမယ်ဆို တာ ကို တော့သတိမထားမိခဲ့ဘူး
ပေပေတေတေ မဟုတ်ပေမယ့်
လူလိမ္မာ အတိအကျ ကြီး မဟုတ်တဲ့
ငါ့တို့ တွေ ကျောင်းမှာ စနောက်ကြတာ
ဈေးသည်၊လုံခြုံရေး၊ ကျောင်းသားကျောင်းသူသာမက
ငါတို့ပါချုပ်ကြီးကို ပါနောက်ခဲ့သေးတယ်
နောက်တော့ လည်း လေ
တို့ တွေ အမှတ်တမဲ့ နဲ့
ကျောင်းသားဘ၀ကို
ပေါ့ပေါ့ ပါးပါး ပဲ
ဖြတ်သန်းလာခဲ့ပေမဲ့
အမှတ်တမဲ့ တွေဟာ
အမှတ်တရအ ဖြစ်သို့
အရောင်ပြောင်းရတော့မယ်
မင်းတို့တွေက ငါ့ရဲ့ တသက်စာ
တိုင်ပင်ဖော် တိုင်ပင်ဖက်
ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်
ရည်းစားလုဖော် လုဖက်ကောင်းတွေပါ
နောက်တော့လည်း
အသားကျသွားမှာ ပါလို့
ဆိုလည်း ငါ့ဘ၀မှာ
မင်းတို့ကို တသက်စာ
မှတ်တမ်းတင်လျက်ပါသူငယ်ချင်းတို့ရယ်
ဘယ်လိုပဲ ရာသီတွေပြောင်း
အချိန်တွေဟောင်းလဲ
မင်းတို့ဟာငါ့ သူငယ်ချင်းမကောင်းတကောင်းတွေပါကွာ
ငါ့ရဲ့ နှလုံးသားနဲ့ရင်းလို့ချစ်ရတဲ့သူငယ်ချင်းကြီးတွေပေါ့ကွာ……………..။
ဖြစ်နိုင်သေးရင်
သူငယ်ချင်းရေ ငါတို့ အိမ်အပြန် ကားမ မှီအောင်
ညောင်နီရွက်မှာ အကြော်တွေမှာစားပြီး
Chess ထိုးကြရအောင်ကွာ……………။
(ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် မှ အမှတ်ရစရာနေ့ရက်များ)

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

အကိုပြောမှာ ကျနော်လည်း အရှေ့ပိုင်းတက္ကသိုလ်ကို သွားသတိရတယ်ဗျာ

commentinfo By: mote soe at Nov 19, 2010
Comment #2

i’ve never get that kind of feeling when i was uni.
so much happy.
i m jealous of u.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment