Professional Authors

ချစ်ကြပြီးတဲ့ နောက်မှာ …

မနက်ဖြန်ရဲ့ အတိတ်တွေမှာ

အိပ်မက်တို့ ခါးတူးသေဆုံးခဲ့ပြီးပါပြီ …

သုည တစ်လုံးကို ဆုပ်ကိုင်ထားရင်း

မတော်တဆကျဆုံးကွဲကြေစေသွားတဲ့ အဖြစ်က

အဖေပြောဖူးတဲ့ “လုံးဝကို အသုံးမကျဘူး´´ ဆိုတဲ့စကားကို

ပီပီပြင်ပြင် အသက်ဝင်လာစေခဲ့ …

 

မည်းညစ်ညစ်ရင်ခုန်မှုတွေကို ပြက္ခဒိန်ချပ်ပေါင်းများစွာထဲ

ပြွတ်သိပ်ထည့်ရင်း …

ကာလနဂါးဟာ အိုမင်းသေဆုံးသွားခဲ့ပြီး

လဆုတ်လကွယ်တို့ လှည့်ပတ်လွင့်မျောခဲ့ပေမဲ့

အသုံးမကျတဲ့ တစ်နေရာမှာ ငါ တစ်ယောက်တည်း

ဖင်သေ နေခဲ့တယ် …

 

လက်ရှိအနေနဲ့ တစုံတခုကို

မိမိရရ ဆုပ်ကိုင်ထားဖို့ အမေမွေးထားတဲ့

လက်နှစ်ဖက်ပျောက်ဆုံးနေလို့ ကဗျာတပုဒ်တောင်

အရေးမဖြောင့်တော့ဘူး …

 

ကျွန်တော့်ကိုယ်ခန္ဓာကြီးကတော့

ဆောင်းဝင်လို့ ချမ်းတုန်နေတတ်ခဲ့ပြီ အမေ …

မနောစိတ်တို့ကတော့ ချွေးစက်ပေါင်းများစွာနဲ့

အိုက်စပ်နေတတ်ပြီး မီးမလာတဲ့ ရန်ကုန်မြို့မှာ ယပ်တောင်လေးများ

တွေ့လေမလား လိုက်ရှာနေမိတတ်ပါတယ် အမေ …

 

ဒီလိုပါ အမေ …

ကျွန်တော် အသံမထွက်နိုင်တဲ့ စကားလုံးတို့ရဲ့ နောက်ကွယ်မှာ

သင်္ကေတပေါင်းများစွာ ရှိပါတယ် … လို့ …

🙁

🙂

😉

<3

:\'(

Bye …

 

\"Good

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

အဖေပြောဖူးတဲ့ “လုံးဝကို အသုံးမကျဘူး´´ ဆိုတဲ့စကားကို

ပီပီပြင်ပြင် အသက်ဝင်လာစေခဲ့ …

commentinfo By: အသဲကွဲမိုး at Nov 19, 2010
Comment #2

ကောင်းပါတယ်

commentinfo By: ကျော်နေခ at Nov 19, 2010
Comment #3

စိတ်ဓါတ်ကိုမြှင့်တင်ထားတာအကောင်းဆုံးပါ

commentinfo By: monmm at Nov 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment