Professional Authors

ရှာမရတော့ဘူး

သောင်ကမ်းမပါပဲခက်ရတယ်
လမ်းဘယ်ဝယ်တွေ့ပါ့မလဲ

ယာဉ်မောင်းမပါလဲခါးပတ်ပတ်ရတယ်တဲ့
ငါ့ရင်ခွင်သစ်ကိုင်းဆိုးဘယ်တော့မှနားပါလိမ့်

အဆိပ်မခပ်လဲသေပြတတ်ကြတယ်ကွယ့်
ဒီဇာတ်လမ်းဘယ်လောက်ခန်းနားလိုက်ပါသလဲ

အနားသတ်မညီလဲဒီလိုပဲခြုံပြီးဝတ်တတ်ရမှာပဲ
သူများဘဝလိုတော့ဘယ်ချုပ်ရိုးညီမလဲ

ကံကပေးတဲ့ခရီးဘတ်စ်ကားစီးသွားရတယ်
ခင်ဗျားတို့ကိုတော့ဘယ်ကျော်တတ်နိုင်မလဲဗျာ

ဒီလိုနဲ့ပဲ
ဒါတွေကိုရေဆာဖျောက်သလို
သံဝေဂတံတွေးတွေပဲတွင်တွင်ကြီးမြိုချရတာနဲ့
ငါဆိုတဲ့ကောင်လဲတော်တော်ဖိနပ်ရာများနေပါပြီ

အတိမ်အနက်ကိုမသိနိုင်အောင်ပဲ
ငါရေတိမ်နစ်နေလို့

In: ကဗျာ Posted By: Date: Nov 16, 2010
Comment #1

ဟုတ်ပြီဗျာ။ ပြင်းရှရှလေး…

commentinfo By: မိုးလူ at Nov 16, 2010
Comment #2

🙂

commentinfo By: ei lay at Oct 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment