Professional Authors

တစ်ဦးတည်းသော “ငါ”

တစ်ဦးတည်းသော ငါ
ဒဿနတွေ ခေါင်းထဲရိုက်သွင်း
စိတ်မိုက်တွေကို အမှောင်ချ
အဇ္ဇတ္တကို အရေခွံခွာပြီး
မျက်လုံးကိုဖွင့် နားစွင့်လိုက်တယ်
မိုးသောက် အာရုဏ်လင်းပြီပဲ

တစ်ဦးတည်းသော ငါ

နွားနို့နဲ့ကြုံရာ မနက်စာလုပ်
အမေဆင်တဲ့ Suit ကိုဝတ်
တစ်နေ့တာ အလုပ်တွေ
Plan ချလို့ ဟန်ပြရင်း
တက်ကြွတဲ့ ခြေလှမ်းတွေနဲ့
လုပ်ငန်းခွင်ထဲ တိုးဝင်လိုက်တယ်
ရောင်နီတွေတောင် လင်းပြီပဲ

တစ်ဦးတည်းသော ငါ

မနုဿဗေဒနဲ့ မဟာမိတ်ဖွဲ့
ပန်းတိုင်ဆီ မာရသွန်ပြေး
မတောက်တခေါက် မဟာဗျူဟာနဲ့
မရဲတရဲလုပ်ရင်းနဲ့ပဲ
တစ်နေ၀င် တစ်မိုးချုပ်ခဲ့တယ်
လမင်းရောင်ခြည် လင်းပြီပဲ

တစ်ဦးတည်းသောငါ

ဆေးဝါးနဲ့ကြုံရာ ညစာလုပ်
အမေပြင်တဲ့ အိပ်ယာထက်မှာ
နဖူးပေါ်လက်တင် စဉ်းစားရင်း
တစ်နေ့တာ အဘိဓာန်
ပြန်လှန်လှောလို့
ညကို နိဂုံးချုပ်လိုက်တယ်
တစ်ရက်သေဖို့ နီးပြီပဲ

In: ကဗျာ Posted By: Date: Nov 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment