Professional Authors

“ချွေးမ” “ကြင်ယာ”

ယစ်ယစ်မူးမူး ရူးရူးမိုက်မိုက်
စူးနစ်ဝင်စိုက် ချစ်စိတ်ခိုက်လို့
မင်းစိတ်ကြိုက်သာ ငါပြုချင်လည်း
အရိုင်းပန်းပွင့် လေလွင့်တိုင်းယိမ်း
သွေးဆောင်တိမ်းလို့ အတွေးလှသွေးမယ့်
အလေ့ကျလေးကို ဖေးမပေးဖို့
မနှေးအလှမရွေး ချွေးမလေးသာ
“ငါ” ဖြစ်ချင်တယ်


အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မယားမှုတစ်ဝ မိခင်လိုတစ်သွယ်
ပြုစုယုယ စောင့်ရှောက်ကာကွယ်
မဟာနွယ်ဒီသွေး ဆည်းလည်းလေးတွေ
ချိတ်ကာဆွဲပေး အသည်းအေးစိမ့်
အမြဲထွေးသိမ့် ကြင်နာစရာအရေး
ညင်သာစွာနေပေးဖို့ ကြင်ယာမလေးသာ
“ငါ” ဖြစ်ချင်တယ်

In: ကဗျာ Posted By: Date: Nov 10, 2010
Comment #1

တောင်းတဲ့ဆုနဲ့ပြည့်ပါစေ မမ နာဂစ်ရေ။ ဖြစ်ပါစေဗျာ။ ကြင်ယာမလေးလည်းဖြစ်စေ ချွေးမလေးလည်းဖြစ်ပါစေဗျာ။

commentinfo By: moezat at Nov 10, 2010
Comment #2

မမဂီရိလို့ရေးတာ နာဂစ်ဖြစ်သွားတယ်။ အော်မှားတတ်ပေတယ်။ သွေ့ပုချိ…… 🙂

commentinfo By: moezat at Nov 10, 2010
Comment #3

လန်း တယ် ဗျာ……….တော် တော် ကောင်း တယ်

commentinfo By: Demon 13 at Nov 11, 2010
Comment #4

VERY NICE

commentinfo By: SUSUMAW at Nov 13, 2010
Comment #5

million thz
million thz

commentinfo By: ei lay at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment