Professional Authors

စိတ်အစွဲ


မှုန်ရည်ဝေတဲ့..တိမ်ညို
တိမ်စိုင်တွေ
တရွေ့ရွေ့နဲ့ စီးဆင်းလွင့်မျောလာခဲ့တာ..
အချိန်တန်တော့..ပျောက်ကွယ်သွားပြီပဲ..
ရာသီတွေ
ကျော်လွန်ခဲ့ပြီ..အလွမ်းနေ့ရက်တွေလဲ..
ရပ်တန့်မရပဲ စီးဆင်းဆဲ…
ဖမ်းဆုပ်မရတဲ့
တို့လက်တစ်စုံ
လေထုထဲမှာ လွင့်မျောဆဲပေါ့…
ဖြတ်သန်းခြင်းမပြုခဲ့ရတဲ့..ဒီလမ်းတွေလဲ..
အခုဆိုလမ်းမမြင်လို့…ပျောက်ကွယ်စပြုနေပြီ..
ရင်ခုန်စွာ
စွဲလန်းခဲ့ရတဲ့ မင်းမျက်ဝန်းတွေလဲ..
တဖြည်းဖြည်းနဲ့ဝေးကွာရင်း..
အတိတ်က
အိမ်မက်ဆိုးတွေနဲ့…
အိပ်မပျော်တဲ့ ညတိုင်း လန့်လန့်နိုးနေတယ်..
.ညဉ့်နက်နက်ရဲ့ကောင်းကင်ကို

မော့ကြည့်ရင်းသက်ပြင်းတွေ ချခဲ့တာ
ဘယ်နှစ်ကြိမ်မှန်းတောင်
မသိတော့ပါဘူး..
ဒါပေမဲ့…အခုအချိန်ထိ ငါ့အလွမ်းတွေရပ်တန့်မရနိုင်ခဲ့ဘူး…..

ဒဏ်ရာ

In: ကဗျာ,ဂျူး Posted By: Date: Nov 23, 2010
Comment #1

ဂျူး ကဗျာလေးတွေဖတ်ခွင့်ရတဲ့အတွက် ကိုဒဏ်ရာ..ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Nov 24, 2010
Comment #2

အခုလို ဂရုတစိုက်နဲ့ ကဗျာလေးတွေကို ဖတ်ပြီးအားပေးလို့ ကျေနပ်ဝမ်းသာမိပါတယ်..
နောက်လဲကြိုးစားပါဦးမယ်..

commentinfo By: DanYar at Nov 24, 2010
Comment #3

ကျေးဇူးတင်လှပါတယ်ရှင်

commentinfo By: မှုံရွှေရည် at Dec 15, 2010
Comment #4

မှုန်ရည်ဝေတဲ့..တိမ်ညို
တိမ်စိုင်တွေ
တရွေ့ရွေ့နဲ့ စီးဆင်းလွင့်မျောလာခဲ့တာ..
…အချိန်တန်တော့..ပျောက်ကွယ်သွားပြီပဲ..
ရာသီတွေ
ကျော်လွန်ခဲ့ပြီ..အလွမ်းနေ့ရက်တွေလဲ..
ရပ်တန့်မရပဲ စီးဆင်းဆဲ…
ဖမ်းဆုပ်မရတဲ့
တို့လက်တစ်စုံ
လေထုထဲမှာ လွင့်မျောဆဲပေါ့…

commentinfo By: May Kha at May 27, 2011
Comment #5

အမှန်တော့ ဂျူးကဗျာမဟုတ်ပါဘူး..ကျွန်တော့်ကဗျာပါ…ဂျူး page မှာတင်လို့ ဂျူးကဗျာလို့ထင်တာပါ..
ဂျူးကို ခင်တဲ့ပရိတ်သတ်တစ်ယောက်မို့ပါ

commentinfo By: ဒဏ်ရာ at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment