Professional Authors

ချစ်သူ သိပါစေ . . . .

ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားရတဲ့အချိန်တိုင်း

လွမ်းနေတတ်တာမှာလေ

ငိုသံတွေစိုစွတ်နေတဲ့ အင်္ကျီလေးတစ်ထည်

နင် အမှတ်တမဲ့ပေမယ့်

နှလုံးသားတစ်ခု ရွှဲရွှဲစိုနေသူ

ငါ အမှတ်တရရှိတယ်   

 

ရွှေအိုရောင် အိပ်မက်တွေမှာလေ

ကြိုးပြတ်နေတဲ့ ဂစ်တာလေးပဲရှိတော့တယ်

တီးခတ်နိုင်စွမ်းမရှိတဲ့ လက်တစ်စုံဟာ

ပိုင်ရှင်မဟုတ်တဲ့ ပိုင်ဆိုင်သူဆီ

ကမ်းလင့်နေတုန်းဟာ တစ်သက်တာအတွက်

ချစ်သောနာမည်လေး ပဲ ချပေါင်းရုံပေါ့    

 

ရေမခြား မြေမခြား

အနေဝေးတာမှာပဲ

နင်မရှိတော့ ငါ့ရဲ့အောက်စီဂျင်

ဘယ်အကြင်နာတရားက တူးဖော်ရပါ့

နင်ပြောတဲ့ ခေတ္တခဏ

ကျောခိုင်းကတည်းက ငါသေဆုံးခဲ့တယ်   

 

အလိုချင်ဆုံးဆိုတာထက်

အလိုအပ်ဆုံးဆိုပါတယ်

ကံကြမ္မာကို နင်မယုံတာထက်

ကံကြမ္မာကို ငါ နင်းချေခဲ့ချင်တယ်

အမှောင်ထုထဲက လက်နက်ပုန်းအတွက်

နင်လှည့်မကြည့်ခဲ့တာကတော့ မကောင်းဘူး   

 

ချစ်သူရဲ့လက်တစ်စုံကို ဆုပ်ယူ

သွေးကိုရင်းလို့ သက်သေပြချင်ခဲ့သူ

နံရံတစ်ဖက် တံခါးတစ်ချပ်ကို

ထိုးဖောက်လာမယ့်

သစ္စာတရားကိုယူ

ဒီလူ့ကိုလည်း ကြည်ဖြူပါ

ဒီသစ္စာကိုလည်း ယုံကြည်ပါ   

 

အဝေးမှာလည်း ရှိမယ်

အလင်းမရှိတဲ့ အရပ်တွေ

မတင်းကျပ်တဲ့ ခိုင်မြဲခြင်းတွေနဲ့

နေ၀င်ပြီး နေထွက်မှာကို

မစောင့်ချင်စမ်းပါနဲ့ ချစ်သူရယ်

ခလုတ်မတိုက်မယ့် ခရီးလမ်းအတွက်

ငါတို့ကိုယ်တိုင်ထွန်းလင်းရလိမ့်မယ်      

 

 

In: ကဗျာ Posted By: Date: Oct 26, 2010
Comment #1

အလိုချင်ဆုံးဆိုတာထက်

အလိုအပ်ဆုံးဆိုပါတယ်

ကံကြမ္မာကို နင်မယုံတာထက်

ကံကြမ္မာကို ငါ နင်းချေခဲ့ချင်တယ်…..

ဒီစာကြောင်းလေး ကို အရမ်းခိုက်တရ်…..1ပုဒ်လုံးကိုကြိုက်တရ်….. အားပေးနေတရ်နော်….

commentinfo By: Yu Mon Htwe at Mar 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment