Professional Authors

မိန်းမဟူသည့် သဘော

–       မိန်းမသည်ကား မျက်စိအား လှည့်စား၊ လှည့်ဖြားတတ်သော မျက်လှည့်ဆရာနှင့်တူ၏။

–       ရေငတ်သူများအား ရေဟု ထင်တတ်စေသော တံလျှပ်နှင့်လည်းတူ၏။

–       စိုးရိမ်သောက ဖြစ်ရခြင်း၏ အကြောင်းလည်းမည်၏။

–       (၉၆)ပါးသော အနာရောဂါ ဟူသမျှ ဖြစ်ရခြင်း၏ အကြောင်းလည်းမည်၏။

–       ရန်သူမျိုး(၅)ပါး နှိပ်စက်ခံရခြင်း၏ အကြောင်းလည်းဖြစ်၏။

–       ဉှာဉ်းဆဲခံရတတ်သော သဘောလည်း ရှိ၏။

–       မိန်းမသည် ကွန်အုပ်မိသည့် ငှက်၊ မြုံးချက်ဝင် ငါး၊ လိုက်မိ သားကောင် ကဲ့သို့ ထွက်မသွားနိုင်အောင် ချည်နှောင် ဖွဲ့ယှက်တတ်၏။

–       ထိုကြောင့် ပညာရှိသောသူသည် မိန်းမကို မမှီဝဲရာ။

–       အကြင်သူသည် မိန်းမအား ပေါင်းဖက် ယှဉ်တွဲ မှီဝဲငြားအံ့၊ ထိုသူသည် ယောင်္ကျားတကာတို့တွင် ယောင်္ကျားယုတ်တည်း။

 

ဥရုဝေလတော

မြတ်စွာဘုရား

ဂေါတမ မြတ်စွာဘုရားသခင်ကြီး ကိုယ်တော်တိုင် နှုတ်ထွက် ဆုံးမစကား ဖြစ်ပါသည်။ ပုထုစဉ်အနော်က တဆင့် ဝေမျှခြင်းသာ ဖြစ်ပါသည်။

(ဗုဒ္ဓဘာသာဝင်တိုင်း သတိသံဝေဂ ရရှိနိုင်ကြပါစေ)



In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

🙂 🙂
😀 😀

commentinfo By: moezat at Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment